မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Samsung ဖုန်းပါ။ ဖုန်းက
အားသွင်းကြိုးထိုးထားရင် အရမ်းပူတယ်။ ပြီးတော့ အားလည်း မ၀င်ဘူး။
ဘာဖြစ်တာလဲမသိဘူးဗျ။
ဖြေ - အစ်ကိုရေ အဲ့တာက Charger လမ်းကြောင်းမှာ
Short ဖြစ် နေလို့ပါ။ ကြာကြာဆက်သုံးလို့တော့ သိပ်အဆင်မပြေဘူးဗျ။ ပါဝါပါ
သေသွားနိုင်တယ်။ အဲ့တာကြောင့် အစ်ကိုနီးစပ်ရာဆိုင်မှာ အမြန်
သွားပြကြည့်လိုက်ပါခင်ဗျာ။
မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းကHuawei
ဖုန်းပါ။ ဂိမ်းကစား ရင်း ပါဝါသေသွားတယ်ခင်ဗျာ။ နည်းနည်းကြာတော့
ပါဝါပြန်ဖွင့် တော့ Huawei Logoပေါ်လိုက်၊ ပျောက်လိုက်ဖြစ်နေတယ်။ အား
သွင်းကြိုးထိုးရင် သုံးလို့ရတယ်။ ဘာဖြစ်တာလဲမသိဘူးဗျ။
ဖြေ -
အစ်ကိုဂိမ်းကစားရင်းဖြစ်တာဆိုတော့ စဉ်းစားစရာ ၂ ချက် ရှိတယ်ဗျ။
အစ်ကိုဖြစ်နေတဲ့ပုံက အားသွင်းကြိုးထိုးထားရင် ဖုန်းကို
အသုံးပြုလို့ရတယ်ဆိုတော့ ဘက်ထရီကို အရင်လဲကြည့်ပါ။ မရရင် တော့ Phone PCB
Board ဘုတ်ပြားကိုပြုပြင်ရမှာပါ။ အစ်ကို့အနေနဲ့ ဘက် ထရီလဲပြီး စမ်းကြည့်ပါ။
မရရင်တော့ Service ဆိုင်ကို ပြကြည့်ပါ ခင်ဗျာ။