Showing posts with label NLDသတင်းများ. Show all posts
Showing posts with label NLDသတင်းများ. Show all posts

Saturday, November 28, 2015

NLD လွှတ်တော် ကိုယ်စားလှယ် လာဘ်စားလျှင် အရေးယူ ခံရမည်






အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များ လာဘ်ပေး လာဘ်ယူမှု ပြုပါက ဥပဒေ အရ အရေးယူ ခံရမည်ဖြစ်ပြီး ထောင်ဝင်စာ တွေ့ရန်သာ လူလွှတ် ပေးမည်ဟု NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားကြောင်း NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်များ ထံမှ သိရသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမ၌ ယနေ့ နံနက် ပိုင်းက ပြုလုပ်သော NLD ပါတီ ဥက္ကဋ္ဌ အပါ အ၀င် ဗဟို အလုပ်အမှုဆောင်များနှင့် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်း စုကြည်က အထက်ပါ အတိုင်း ထည့်သွင်း ပြောကြား လိုက်ကြောင်း ဗဟန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြော ဆိုသည်။

“သူပြောတဲ့ သဘောက ကိုယ်စားလှယ်က ပြည်သူတွေကို မျက်နာ ထောက်ပြီးတော့ လာဘ်စား တာတွေ မလုပ် ရဘူး၊ အဂတိလိုက်စား မှုတွေ မလုပ်ရဘူး၊ လုပ်လို့ရှိရင်လည်း တရား ဥပဒေ အရ အပြစ်ပေး ခံရမယ်၊ ကိုယ့်လူတွေ ဖြစ်လို့ သက်ညှာမယ်လို့ မထင်နဲ့။ ဒါပေမဲ့ ရဲဘော် ရဲဘက် အနေနဲ့ ထောင်ဝင်စာတော့ လာ တွေ့မယ်” ဟု ဦးထွန်းမြင့်က ရှင်းပြသည်။

ထို့အပြင် NLD ပါတီ အစိုးရ ဖွဲ့စည်းပြီးနောက် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင် တာဝန် ထမ်းဆောင် သူများသည် လစာ၏ ၅၀ ရာခိုင်နှုန်းကို ပါတီသို့ ပေးဆောင် ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုးက ပြောကြားသည်။

“ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ၂၀ရာခိုင်နှုန်း ဖြတ်တယ်။ အစိုးရဖွဲ့လို့ ၀န်ကြီးတို့၊ ဘာတို့ဆို ၅၀ ရာခိုင်နှုန်းဖြတ် မယ်လို့ပြော သွားပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် လွှတ်တော် ကိုယ်စားလှယ် များ အရည် အချင်းမြှင့်တင်နိုင်ရေး အတွက် ပါတီတွင်း သင်တန်းများ ကိုလည်း သင်ကြားပြီးနောက် အရည် အချင်းစစ် စာမေးပွဲများ ဖြေရမည်ဟု ဒေါ်အောင်ဆန် စုကြည်က မှာကြားကြောင်း ဒဂုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်က ပြောကြားသည်။

“တစ်ခု ကတော့ အင်္ဂလိပ် စာကို စားမေးပွဲ စစ်မယ် ရတဲ့ အမှတ်တွေကို နိုင်ငံတကာ အစည်းအဝေးတွေ ဖိတ်တဲ့ အခါ တက်တာ ရှိမယ်၊ အဲ့လိုတက်တဲ့ အခါမှာလည်း ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ ကိုက်ညီလို့ ရွေးတာ ဖြစ်တယ်။ မပါဝင်လို့ ရှိရင် ကိုယ်အရည် အချင်းမရှိလို့ပဲ ဖြစ်တယ်၊ ပြီးတော့ ကိုယ့်ကိုယ်စားလှယ် တွေကို လူမှန်နေရာမှန် ဖြစ်အောင် သင်တန်းတွေ ပေးပြီး အရည်းအချင်း ဖြည့်စည်းပေးပြီးတော့ စာ မေးပွဲတွေ စစ်ဆေး သွားမှာဖြစ်တယ်”ဟု ၎င်းက ရှင်းပြသည်။

ယနေ့ မွန်းလွဲပိုင်းတွင်လည်း ဒေါ်အောင်ဆန်း စုကြည်သည် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် တို့မှ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ နှင့် ထပ်မံတွေ့ဆုံ လျက် ရှိသည်။

 
ီ Dနေမင်း(နည်းပညာ)

Monday, November 9, 2015

တနင်္သာရီတိုင်း တတိုင်းလုံး အန်အယ်လ်ဒီနိုင်





တနင်္သာရီတိုင်းမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦး ၀င်ပြိုင်တဲ့ တနင်္သာရီမြို့နယ် အပါအ၀င် တတိုင်းလုံးမှာ အန်အယ်လ်ဒီ ပါတီ ရာနှုန်းပြည့် အနိုင်ရ ရှိခဲ့တယ်လို့ တိုင်းအောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် ဦးလှမင်းက ဒီဗွီဘီကို ပြောပါတယ်။

“တတိုင်းလုံး ရာနှုန်းပြည့်နိုင်တယ်၊ တနင်္သသာရီတိုင်း ၀န်ကြီးချုပ်နဲ့ ဦးခင်ဇော်ဦးတို့ ၀င်ပြိုင်တဲ့ နေရာတွေမှာလည်း အန်အယ်လ်ဒီပဲ နိုင်တယ်၊ ကရင်တိုင်းရင်းသားဝန်ကြီးနေရာ ပြိုင်တဲ့ ဦးစောလုကာ တယောက်ပဲ မဲရေတုန်းမို့ ပြောမရသေးဘူး။”

တနင်္သာရီမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်ဟိန်းက ဆန္ဒမဲ ၃ သောင်း ၃ ထောင်ကျော်ရပြီး ပြိုင်ဘက် ဦးခင်ဇော်ဦးက ၉၁၀၀ ကျော်ရရှိခဲ့ပါတယ်။

Saturday, October 10, 2015

မုံရွာမြို့တွင် ဆိုက်ကား အစီး ၂၀၀ ကျော်ဖြင့် NLD ထောက်ခံပွဲ ပြုလုပ်







အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီကို ထောက်ခံတဲ့ အနေနဲ့ မုံရွာမြို့ရှိ ဆိုက်ကား သမားတွေဟာ ပါတီ အလံတွေ၊ အင်္ကျီတွေ၊ စတစ်ကာတွေ ၀တ်ဆင်ပြီး ကမ်ပိန်း တခုကို ဆိုက်ကား အစီးရေ ၂၀၀ ကျော်နဲ့ မြို့ပတ် လှည့်လည် ခဲ့ကြ ပါတယ်။

ထောက်ခံပွဲကို အောက်တိုဘာ ၁၀ ရက်နေ့ မနက် ၉ နာရီအချိန်က မုံရွာမြို့ ကားလေး ကွင်းရှေ့ကနေ စတင်ခဲ့ပြီး ဆိုက်ကား အစီးရေ ၂၀၀ ကျော် အပါဝင် ကားတွေနဲ့ ဆိုင်ကယ် aတွလည်း ပါဝင်လိုက်ပါ လှည့်လည် ခဲ့ကြပါတယ်။