Tuesday, August 12, 2014

ဆေးဖက်ဝင်သောပင်ထွက်သီးနှံများအ​ကြောင်း

အေ

အစာလည်းဆေး၊ ဆေးလည်း အစာဆိုပြီး ရှေးကတည်းက တင်စား ခေါ်ဝေါ်ခဲ့ကြပါတယ်။ နေ့စဉ် ကျန်းမာရေး အတွက် အစားအစာရဲ့ ကဏ္ဍက အရေးပါသလို အရက်နာကျတာ၊ ရာသီ အကြိုဝေဒနာ စတဲ့ နာမကျန်းမှုတွေ ဖြစ်ပေါ်လာရင်လည်း အပင်ထွက် အစားအစာတွေနဲ့ ကုသနိုင်ပါတယ်။အောက်ပါ တို့ကတော့ သင့်အိမ်ရေခဲ သေတ္တာထဲမှာ အတွေ့ရများတဲ့ အစားအသောက်တွေ ဖြစ်ပြီး ဝေဒနာခံစားရ ချိန်မှာ သင့်အနေနဲ့ အလွယ်တကူ သုံးနိုင်ပါတယ်။အရက်နာကျခြင်း ကင်းစေရန် ကညွတ်စားပါကညွတ်မှာပါတဲ့ အင်ဇိုင်းတွေက အရက်ကို အလွန်အမင်းသောက်ပြီးတဲ့ အခါ အယ်လ်ကိုဟောကို ချေဖျက်နိုင် စွမ်းရှိတာကြောင့် အရက်နာ မကျအောင် ကာကွယ်နိုင်ပါတယ်။ သင့်အနေနဲ့ အရက်နာကျပြီး ခေါင်းကိုက် ဝေဒနာ ခံစားနေရရင် ကညွတ်ကို စားပေးနိုင်သလို အရက်နာမကျအောင် ကာကွယ်တဲ့အနေနဲ့ လည်း ကညွတ်ကို စားပေးနိုင် ပါတယ်။ ကညွတ်ကို
အရက်မသောက်ခင် ဝါးစားပေးတဲ့အခါ အကျိုးပြုအင်ဇိုင်းတွေ ရရှိ စေရုံသာမက ဗိုက်ပြည့်စေကာ ခန္ဓာကိုယ်ရဲ့ အယ်လ်ကိုဟောစုပ်ယူမှုကို နှေးကွေးသွားစေပါတယ်။ဆီးကျောက်တည်ခြင်း ကင်းစေရန် သံပရာရည်သောက်ပါဆီးကျောက်တည်တာက နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ဆီးချိုသွေးချိုရောဂါ တို့ထက် ပိုပြီး အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ဖြစ်ကြောင်း ရောဂါကာ ကွယ်ထိန်းချုပ်ရေး စင်တာရဲ့ ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။ ဆီးကျောက် တည်တဲ့ ဝေဒနာခံစားနေရ သူဦးရေဟာ လွန်ခဲ့တဲ့ ၁၃နှစ်အတွင်း နှစ်ဆမြင့်တက် လာပါတယ်။ ဆီးကျောက်တည်တဲ့ ပြဿနာ လျော့ကျစေဖို့ သံပရာရည်သောက်ပါ။ သံပရာရည်မှာ စစ်ထရိတ်အဆင့် ပါဝင်မှု မြင့်မားတာကြောင့် ကယ်လ်စီယမ် ဓာတ်အြွကင်းအကျန်တွေကို ပျော်ဝင်စေ ပါတယ်။ (ကယ်လ်စီယမ် အကြွင်းအကျန် တွေက တဖြည်းဖြည်း စုပုံပြီး ဆီးကျောက် တည်လာ ပါလိမ့်မယ်။) လတ်လတ်ဆတ်ဆတ် သံပရာသီးကို အရည်ညှစ်ပြီး သံပရာရည် ဖျော်ကာ သောက်ပါ။စိတ်ဓာတ်ကျခြင်းကို တွန်းလှန်ရန် ကော်ဖီသောက်ပါအမေရိကန် လူဦးရေ ၁၀ ရာခိုင် နှုန်းကျော်ဟာ ဈေးကြီးတဲ့ စိတ်ကျဝေဒ နာကုသဆေးတွေကို မှီဝဲ နေကြပါတယ်။ ဒါပေမဲ့ ကော်ဖီ အနည်းငယ် သောက်ရုံနဲ့ ဒီဆေးဝါးတွေကို မလိုတော့လောက် အောင် စိတ်ကျ ဝေဒနာကို သက်သာစေ တယ်လို့ ဟားဗတ်ပြည်သူ့ကျန်းမာရေးကျောင်း လေ့လာသူတွေက ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ်က ပြုလုပ်တဲ့ လေ့လာမှုတစ် ခုအရ တစ်နေ့မှာ ပျမ်းမျှအားဖြင့် ကော်ဖီလေးခွက်သောက်တဲ့ အမျိုးသမီးတွေဟာ ကော်ဖီ လုံးဝမသောက်သူတွေထက် စိတ်ကျဝေဒနာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း ပိုမိုနည်းပါးကြောင်း သိရပါတယ်။ ကဖင်း ဓာတ်ဟာ ဦးနှောက်ကို စိတ်ဓာတ်ကျစေ တဲ့ တချို့အဆိပ်ဓာတ်တွေ (Neurotoxins) မထွက်အောင် ကာကွယ်နိုင်ပါ တယ်။ ဒါကြောင့် ကဖင်းဓာတ် အနည်း ငယ်ကို မှီဝဲပေးတာက စိတ်ဓာတ်ကို မြှင့် တင်ပေးနိုင်ပါတယ်။ တစ်နေ့လုံး စိတ်ဓာတ် ကျဝေဒနာ မဖြစ်အောင် နံနက်ခင်းမှာ ကော်ဖီတစ်ခွက်နဲ့ နေ့တစ်နေ့ကို စတင်လိုက်ပါ။အအေးမိဝေဒနာ သက်သာစေရန် ဒိန်ချဉ်သောက်ပါကိုယ်ခံစွမ်းအားစနစ်ကောင်းမွန် စေဖို့ နေ့စဉ် အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တဲ့ ဒိန်ချဉ်တစ်ခွက်ကို သောက်ပေးပါ။ ဒီကောင်းမွန်တဲ့ အကျိုးပြုဘက်တီး ရီးယားတွေက ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်းစေပြီး အအေးမိဝေဒနာလို အပေါ်ပိုင်း အသက်ရှူလမ်းကြောင်း ပိုးဝင် နိုင်ခြေကို ၄၂ ရာခိုင်နှုန်း လျော့ကျစေ နိုင်ပါတယ်။ စိတ်ဖိစီးမှုများတာ၊ သကြား စားသုံးမှုများတာနဲ့ ပဋိဇီဝပိုးသတ်ဆေး တွေကို မှီဝဲရတာတွေကြောင့် နုံးနေရင် အူထဲက အကျိုးပြု ဘက်တီးရီးယားတွေ ဆုံးရှုံးပြီး အအေးမိဝေဒနာ ဖြစ်လွယ်တတ်ပါတယ်။ အကျိုးပြု ဘက်တီးရီးယား ရရှိဖို့ ဒိန်ချဉ်ကို စားပေးသင့်ပါတယ်။ကိုယ်အလေးချိန် မြင့်တက်ခြင်းကို ကာကွယ်နိုင်ရန် ဝိုင်နီသောက်ပါဝိုင်နီကြိုက်သူတွေ အတွက် နောက်ထပ် သတင်းကောင်းပါပဲ။ ဝိုင်နီမှာ ပါဝင်တဲ့ ပိုင်စီယာတန်နောဓာတ်ဟာ မရင့် ကျက်တဲ့ အဆီဆဲလ်တွေကို ရင့်ကျက်တဲ့ အဆီဆဲလ်တွေ ဖြစ်မလာအောင် ဟန့် တားပေးတယ်လို့ ပါဒူးတက္ကသိုလ် လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။ တကယ် လို့ ဝိုင်နီကို မသောက်ချင်ရင် အနီရောင် စပျစ်သီးအခွံနဲ့ အစေ့ကို စားပေးပါက ပိုင်စီယာတန်နောဓာတ်ကို ရရှိစေပါတယ်။နေလောင်ဒဏ်ကို တွန်းလှန်နိုင်ရန် တလည်းသီးစားပါတလည်းသီးမှာ အီလဲဂျစ်အက်စစ် အများအပြား ပါဝင်တဲ့အတွက် အရေပြားကို ခရမ်းလွန် ရောင်ခြည်အေနဲ့ ဘီတို့ကြောင့် အရေပြား ဆဲလ်ထိခိုက်မှု မဖြစ်အောင် ကာကွယ် ပေးပါတယ်။ တလည်းသီးရဲ့ ကောင်းကျိုး တွေကို ရရှိစေဖို့ ဖျော်ရည်နဲ့ ဖြည့်စွက်ဆေးထက် တလည်းသီး တစ်လုံးလုံးကို စားပေးရင် အသားအရေ ကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက် အက်စစ်တွေ ပိုမိုပါဝင်နေပါတယ်။ခေါင်းကိုက်ဝေဒနာ သက်သာစေရန် အမဲသားအသည်းကို စားပါခေါင်းတစ်ခြမ်း ကိုက်နေသလား။ ဗီတာမင်ဘီ ချို့တဲ့မှုကြောင့် ဖြစ်နိုင်ပါတယ်။ အမဲသား အသည်းဟာ ဗီတာမင်ဘီ ရိုင်ဘိုဖလေဗင် အကောင်းဆုံး ပါဝင်တဲ့ အစာတစ်မျိုးဖြစ်တာကြောင့် ခေါင်းတစ်ခြမ်း ကိုက်ဝေဒနခဏ ဖြစ်ပေါ်မှုကို လျော့ကျစေပါတယ်။ တစ်နေ့မှာ ရိုင်ဘို ဖလေဗင် ၄၀ဝ မီလီဂရမ်မှီဝဲပေးရင် အ ကောင်းဆုံး ဖြစ်ပါNay Miယ်။ အမဲသားအသည်း တစ်ခွက်စာ ပမာဏမှာ ရိုင်ဘိုဖ လေဗင် ၃ မီလီဂရမ်ပဲ ပါဝင်ပါတယ်။ ဒါကြောင့် ရိုင်ဘိုဖလေဗင် များများပါတဲ့ အမဲသားနဲ့ တခြားအစာတွေဖြစ်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်း၊ ဟင်းသီးဟင်းရွက် စတာတွေနဲ့ တွဲဖက်မှီဝဲပေးပါ။ ဒီလို စားတာ တောင် ခေါင်းကိုက်ဝေဒနာ မသက်သာ ရင် ဖြည့်စွက်ဆေး မှီဝဲပေးပါ။ရာသီအကြိုဝေဒနာကို ကာကွယ်နိုင်ရန် ဝက်သားနှင့် ပဲသီးစားပါဝက်သားနဲ့ ပဲသီးနှစ်မျိုးစလုံးမှာ ဗီတာမင်ဘီ- သိုင်ယာမင်နဲ့ ရိုင်ဘိုဖလေဗင် နှစ်မျိုးစလုံး များစွာ ပါဝင်တာကြောင့် ရာသီအကြို ဝေဒနာမဖြစ်အောင် ကာကွယ်ပေး နိုင်တယ်လို့ မက်ဆာချူးဆက် တက္ကသိုလ် လေ့လာမှုအရ သိရပါတယ်။ တစ်နေ့ သိုင် ယာမင် ၁ ဒသမ ၉ မီလီဂရမ်နဲ့ ရိုင်ဘို ဖလေဗင် ၂ ဒသမ ၅ မီလီဂရမ် မှီဝဲတဲ့ အမျိုးသမီးတွေဟာ ဒီလို မမှီဝဲတဲ့ အမျိုး သမီးတွေထက် ရာသီအကြိုဝေဒနာဖြစ် နိုင်ခြေ ၂၅-၃၅ ရာခိုင်နှုန်း လျော့နည်း ကြောင်း သိရပါတယ်။ ဝက်သားနဲ့ ပဲသီးဟာ ဒီဗီတာမင်နှစ်မျိုးစလုံး ရရှိနိုင်တဲ့ အကောင်းဆုံး အစာတွေဖြစ်တာကြောင့် ဝက်သား သုံးအောင်စနဲ့ ချက်ထားတဲ့ ပဲ သီးဟင်းတစ်ခွက်ကို ပုံမှန်စားပေးပါ။တစ်ကိုယ်လုံး အနာကျက်စေရန် ဩဂဲနစ်အစာကို စားပါဆီးချိုသွေးချိုရောဂါ၊ ကင်ဆာ၊ ပါကင်ဆန်ရောဂါ၊ မျိုးမအောင်တာ၊ အဝ လွန်တာစတဲ့ နာမကျန်းမှုအခြေအနေ တွေဟာ ဩဂဲနစ်အစာ မဟုတ်တဲ့ လူလုပ် ပိုးသတ်ဆေး တွေနဲ့ ထိတွေ့ထားတဲ့ အစာတွေနဲ့ ဆက်စပ်မှု ရှိပါတယ်။ ပိုးသတ်ဆေးတွေက ကလေးတွေမှာ အိုင် ကျူနိမ့်တာနဲ့ အာရုံစူးစိုက်မှု ချို့တဲ့တဲ့ ဝေဒနာကို ဖြစ်စေနိုင်သလို အော်တစ်ဇင် ရောဂါနဲ့လည်း ဆက်စပ်နေကြောင်း သိရပါတယ်။ ဒါကြောင့် ဩဂဲနစ်နည်းနဲ့ စိုက် ပျိုးထားကြောင်း တံဆိပ်ကပ်ထားတဲ့ အပင်ထွက် အစားအစာတွေကို ရွေးချယ် စားပေးမယ်ဆိုရင် ကျန်းမာရေး အတွက် ပိုမို သင့်တော်မှု ရှိပါတယ်။








D Nay Min

1 comment:

  1. Dနေမင်း(နည်းပညာ): ဆေးဖက်ဝင်သောပင်ထွက်သီးနှံများအ​ကြောင်း >>>>> Download Now

    >>>>> Download Full

    Dနေမင်း(နည်းပညာ): ဆေးဖက်ဝင်သောပင်ထွက်သီးနှံများအ​ကြောင်း >>>>> Download LINK

    >>>>> Download Now

    Dနေမင်း(နည်းပညာ): ဆေးဖက်ဝင်သောပင်ထွက်သီးနှံများအ​ကြောင်း >>>>> Download Full

    >>>>> Download LINK

    ReplyDelete