Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Tuesday, June 30, 2015

Hack ပြီး 2 Step ခံသွားတဲ့ G-mail ကို ပြန်လိုက်နည်း.





 Wow…. Wow…. Wo…. ခေါင်းစဉ်က နည်းနည်းကြီးသွားပြီထင်တယ်
ဖြစ်ပုံက ဒီလိုဗျ…. အသိတစ်ယောက်ရဲ့ COC Mail တစ်ခု th9 ကို max
လောက်ဖြစ်နေတာကို ရုတ်တရက်ကြီး Hack ခံလိုက်ရတယ်ဆိုလို့အကြောင်း
ကြားတာနဲ့ ပါသွားချိန် ၁ နာရီအတွင်းမှာ ပြန်လိုက်ကြည့်တယ်။ ပုံမှန်ရိုးရိုး
Mail ကို Recovery ဆွဲတဲ့ Methods နဲ့ပေါ့… အဲ့မှာ ကံဆိုးတာက Hacked
သွားတဲ့လူက ထို Mail ကို သူ့ရဲ့ ဖုန်းနဲ့ 2 Step ခံသွားလိုက်တယ်လေ…
ဒီတော့က ကျွန်တော်တို့ Mail ကို Recovery ဆွဲတဲ့ နည်းလမ်းမှာ 2 Step
ခံထားတယ်ဆိုရင် ပုံမှန်အားဖြင့်တော့မလွယ်ကူပါဘူး။ ဘာလို့လည်း ဆို
တော့ G-mail ရဲ့ Security Team ကလည်း အရင်လိုမဟုတ်တော့ပဲတနေ့
တခြား User Security ကို အလေးနည်းနည်းပေးလာတာကိုတွေ့ရပါတယ်။

Tuesday, May 19, 2015

Email ပါအခိုးခံရသောfacebook account အားပြန်ယူနည်း

Emailပါအခိုးခံရတဲ.ဖေ.ဘုတ်အကောင်.ကိုID(government issued ID)+facebook old password နဲ. ပြန်လိုက်နိုင်ပါတယ်။အကောင်.ပြန်လိုက်နည်းကိုတော.အောက်ကscreenshot တွေမှာရေးပြထားပါ တယ်။browser ထဲကနေ၀င် try ရပါမယ်။အကောင်.ခိုးသွားတဲ.သူကemailချိန်းသွားရင်တော.email   နေ ရာမှာusernameသို.မဟုတ်ID numberနဲ.၀င်ပါ။IDနေရာမှာသုံးလို.ရနိုင်တာတွေကမြန်မာမှတ်ပုံတင်   ယဉ်မောင်းလိုင်စင်,passport နဲ.တစ်ခြား ဓါတ်ပုံ, မွေးနေ.နဲ.နာမည်တွဲပါတဲ.ကတ်တွေအကျုံးဝင်ပါ တယ်။ 



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 





**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

                                      Download

Thursday, May 14, 2015

COC ဆော့တဲ့ သူငယ်ချင်းတွေ အတွက် သတင်းကောင်းလေးပါ

COC ဆော့တဲ့ သူငယ်ချင်းတွေ အတွက် သတင်းကောင်းလေးပါ 
မသိသူကျော်သွား သိသူဖော်စားပေါ့ဗျာ ကိုယ်အဆင်ပြေလို့မျှ လိုက်တာ Gem တွေ လိုသလောက်ခိုးလို့ရတယ်ဗျ .... အသုံးပြုပုံလေးက လွယ်တယ် COC ချိတ်ထားတဲ့ Gmail နဲ့ login ၀င် အထဲရောက်ရင် ပြန်ထွက်ပြီး COC ကို ပြန်သွား Gem ပုံဘေးက + အပေါင်းပုံလေးကို နှိပ် 300 အရင်ဆုံးရမယ် တစ်လကို အနည်းဆုံး 500 လောက် Hack လို့ရမယ် စမ်းချင်တယ်ဆို 

 အောက်မှာ ဒေါင်း ရရင် like လေးမစခဲ့ပါ။

Friday, May 8, 2015

Facebook Accounts hack နည်း အနော့် အကောင့်ဟတ်နဲ့နော်





ဒီနည်းအောင်မြင်ဖို့က...ရတာတော့ ရတယ်ဗျာ...hack လို့ရတယ်...90% အာမခံတယ်....

တစ်ခုတောင်းဆိုချင်တာကတော့ မလိုအပ်ပဲနဲ့ တခြားလူတွေကိုတော့ လိုက် အနှောင့်အယှက် မပေးစေချင်ပါဘူးဗျာ...လိုအပ်မှ လုပ်စေလိုပါတယ်...educational purpose only ပေါ့ဗျာ... :D


အဲ...လေကြောရှည်တာလည်း တော်တော်များသွားပြီ...စလိုက်ကြရအောင်ဗျာ...ပထမဆုံး www.facebook.com ကိုသွားပါ...forgot password ကို နှိပ်ပါ...ဒီလိုမျိုးလေးတွေ့ရမယ်ဗျာ...

Image

ကိုယ် hack ရမယ့်လူ သားကောင်ရဲ့ facebook profile email ကို သိဖို့တော့လိုပါတယ်....မသိဘူးတော့ မလုပ်ပါနဲ့ဗျာ...ကိုယ်က သူ့အကောင့်လိုချင်တာပဲ...ဒီလောက်လေးကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုံစမ်းသိရှိထားပြီးသားဖြစ်ရမှာပါ...ကိုယ်နဲ့ friend ဖြစ်နေရင် သူ့ info ထဲဝင်ကြည့်လိုက်ရင် သိနိုင်တာပဲဗျာ...
Enter your email or phone no. နေရာမှာ သူ့ email address ကိုထည့်ပါ...Search ကို နှိပ်ပါ...result ထွက်လာရင် This is my account ကို နှိပ်ပါ....

Image

ဒီအောက်က ပုံမှပြထားတဲ့အတိုင်း အဲ page ကို redirect ရောက်သွားပါလိမ့်မယ်...No longer have access to these ကိုနှိပ်ပါ...

Image

အောက်မှာပြထားတဲ့ ပုံအတိုင်း new email , confirm new email တောင်းနေပါပြီ...ဖြည့်ပေးလိုက်ပါ....

Image

ကိုယ့် victim account ဟာ security question တပ်ထားရင် security question ဖြေခိုင်းပါလိမ့်မယ်...ဖြစ်နိုင်တာ ခန့်မှန်းဖြေကြည့်ပါ...ခန့်မှန်းလို့မရဘူး ဆိုရင်တော့ wrong answer ကိုသာ ဘာဖြစ်ဖြစ်ရိုက်ထည့်ပေးလိုက်ပါ...

တော်တော်များများ ဒီ step မှာ ရပ်ကုန်ကြတာများတယ်ဗျ...Security Question မေးလိုက်တာနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘူး....Underground Forum တော်တော်များများမှာလည်း ဒီ step ကို မတွေ့ဖူးဘူးဗျ...လွယ်ပါတယ်...

၃ ခါ ရိုက်ထည့်စမ်းပေးရပါမယ်...၃ခါ ရိုက်ထည့်လိုက်တာနဲ့ Security Question ထပ်မဖြေခိုင်းတော့ဘဲ ဒီအောက်ကပုံ အဆင့်(Trusted Friend သုံးယောက်)ရွေးခိုင်းတဲ့အဆင့်ကိုရောက်သွားပါလိမ့်မယ်...

Image

အဲ...ဒီတစ်ဆင့်မှာလည်း trusted friend နော်...ရိုးရိုး friend မဟုတ်ဘူး...friend ဖြစ်ရုံပဲ ဖြစ်တာဆိုရင် သူရွေးခိုင်းတဲ့အထဲမှာ မပါပါဘူး...comment တွေ status တွေ အသွားအပြန်လေးလည်း ရှိရသေးတယ်ဗျ...အဲဒါကြောင့်မို့ facebook မှာ ကိုယ်နဲ့လည်း မသိပဲနဲ့ ရောသောဖောသော လာလုပ်နေပြီဆိုရင် သတိသာထားပေတော့....ဒီကောင် ဘာကောင်လဲ လို့.... :D

အဲဒီမှာ ယုံကြည်ရမယ့် ကိုယ် ချုပ်ကိုင်နိုင်မယ့် အကောင့်သုံးခုကို ရွေးထည့်ပေးလိုက်ရုံပါပဲ...fake facebook profile လေးတွေလုပ်ထားပေါ့ဗျာ...လိုရင် သုံးလို့ရအောင်..... :D facebook က အဲသူငယ်ချင်းသုံးယောက်ဆီကို code လေးတွေပို့ပါလိမ့်မယ်...အဲ code တွေကို ဒီဖက်မှာ ပြန်လာဖြည့်လိုက်ရင် facebook က ကိုယ့် email ဆီကို password reset mail ပို့ပါလိမ့်မယ်...ဒီလိုဆို new password ကို ပြောင်းပြီးတော့ သူ့ facebook account ထဲကို login ၀င်နိုင်ပါပြီ....

တကယ်တမ်းကြိုးစားမယ်ဆိုရင် facebook account ကို တစ်လအတွင်း ဟက်မယ် ဆိုတာ ဖြစ်နိုင်တဲ့လုပ်ရပ်နော်...

ကဲ...ဟက်နည်း ထိုးဖောက်နည်းကတော့ ဟုတ်ပြီ...ဒီနည်းနဲ့ကိုယ့်အကောင့်ကို မဟက်နိုင်အောင် ဘယ်လိုကာကွယ်မလဲ???
facebook မှာ ကိုယ့်ကို friend request လုပ်လာပြီဆိုရင် အဲဒီ request အပေါ်မှာ ဘာတဲ့...Do you really know ...... on outsite? ဆိုလား ဘာဆိုလား အဲဒီလို သတိပေးထားတာလည်း အပိုမဟုတ်ပါဘူး...ဒီနည်းနဲ့ ထိုးဖောက်ဟက်မှာကို အထိုက်အလျောက်တော့ ဟန့်တားနိုင်လို့ပါ...ဒါကြောင့်မို့ ကိုယ်နဲ့ အပြင်မှာ တကယ်မသိဘဲ friend request တွေ add လာရင် အလွယ်တကူလက်မခံပါနဲ့....သေသေချာချာ စဉ်းစားဆင်ခြင်ပြီး လက်ခံသင့်မှ လက်ခံပါ လို့လည်း အကြံပြုလိုက်ရပါတယ်....

တစ်ခါထဲ ကျွန်တော် သိပ်မရှင်းလို့ ဆွေးနွေးရဦးမယ်...facebook account ကိုဟက်လို့ ဘာများရနိုင်မလဲ လို့???????????

Saturday, May 2, 2015

Facebook Messager Video Call ရအောင်ထည့်နည်း


Facebook Messager Video Call ရအောင်ထည့်နည်း
မင်္ဂလာပါ... ကျွန်တော် သည်တခါရေးဖြစ်တဲ့  အကြောင်းအရာလေးကတော့  ကျွန်တော်တို့ ဖုန်းတွေမှာ သုံးနေကြတဲ့ Messager Apk ကနေ ပြီးတော့  Video Call ခေါ်ခြင်တဲ့သူများအတွက် ခေါ်ဆိုလို့ ရမယ့် နည်းလမ်းလေးတစ်ခုကို ပြန်လည် ရေးသား လိုက်ပါတယ်... ဒါလေးကိုတော့ အရင်ကလည်း ရေးသားထားကြတာတွေ တွေ့ဖူးသလို လူတော်တော် များများလည်း ခုဆို အသုံးပြုနေကြပါတယ်... မသိသေးသော ယူဆာ များအတွက် အထူး ရည်ရွယ်ပြီးရေးသားလိုက်ခြင်းဖြစ်ပါတယ်.... အဆင်ပြေစေဖို့လည်း ပုံလေးတွေနဲ့ သေခြာ ရှင်းပြထားပါတယ်နော်.... ကဲအောက်မှာ လေ့လာရင်း စလိုက်ကြရအောင်...
ပထမဆုံး မိမိတို့ ဖုန်းထဲမှာ vpn ကျော်ဖို့အတွက် Flash Vpn Apk ဆိုတာလေးကို ဒေါင်းရမှာဖြစ်ပါတယ်

Tuesday, April 28, 2015

ဓါတ်ပုံများတွင် Tag ပြုလုပ်ခြင်း မခံရအောင် Suggestion List မှ သင့် အမည်ကို ဖွက်ထားနည်း


Bookmark and Share [ ] [ ]




Facebook မှာ မျက်နှာများကို ခွဲခြမ်း စိတ်ဖြာတဲ့ နည်း ပညာကို အသုံးပြု ခြင်းဖြင့် Upload ပြုလုပ် လိုက်တဲ့ ဓါတ်ပုံ များမှာ ပါရှိတဲ့ လူတွေကို ခွဲခြားပေး နိုင်တဲ့ စွမ်းဆောင်ချက် ပါရှိ ပါတယ်။ သင့် သူငယ်ချင်း တွေ Upload ပြုလုပ်တဲ့ ဓါတ်ပုံ တစ်ပုံမှာ သင့်ရဲ့ မျက်နှာကို တွေ့ရှိတာနဲ့ Facebook က အဲဒီ ဓါတ်ပုံမှာ သင့် သူငယ်ချင်း တွေက လွယ်ကူစွာ သင့်ကို Tag လုပ်နိုင်အောင် သင့် အမည်ကို Suggest ပြုလုပ်ပေး ပါတယ်။

သင့်ကို သူငယ်ချင်း တွေက Tag လုပ်တဲ့ အခါမှာ သင့်ရဲ့ Tagging Settings အရ သင် သတ်မှတ် ထားတဲ့ လူများက အဲဒီ ဓါတ်ပုံကို မြင်တွေ့မှာ ဖြစ်ပါတယ်။ အဲဒီ အတွက် Privacy အရ ဓါတ်ပုံ များမှာ သင့်ကို Tag ပြုလုပ်နိုင်ခြင်း မရှိအောင် ပိတ်ထား ချင်ရင်တော့ အောက်ပါ နည်းလမ်းကို အသုံးပြု နိုင်ပါတယ်။

Note: အခုဖော်ပြမယ့် နည်းလမ်းက သင်ပါရှိတဲ့ ဓါတ်ပုံများကို သူငယ်ချင်းများက Upload ပြုလုပ်တဲ့အခါမှာ Tag ပြုလုပ်ဖို့အတွက် သင့်အမည်ကို Facebook က Suggest ပြုလုပ်ပေးခြင်းကိုသာ ပိတ်ထားနိုင်တာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုပေမယ့်လည်း သင့်သူငယ်ချင်းတွေက အဲဒီ ဓါတ်ပုံမှာ သင့်ကို Tag ပြုလုပ်နိုင်အုံးမှာပါ။ Facebook က သင့်အမည်ကို အကြံပြုပြသပေးမှာ မဟုတ်တော့ပါဘူး။

ဒီနည်းလမ်းကို အသုံးပြုဖို့အတွက် Settings ထဲသွားပါ။

Sunday, April 12, 2015

Huawei G730-U00 ကို Color OS တင်ခြင်း


Bookmark and Share [ ] [ ] [ ] [ ]




Huawei G730-U00 ကို Color OS တင်တာ အောင်မြင် သွားပါပြီ။ တင်ချင် သူများ အတွက် အပင်ပန်းခံ ရေးသား လိုက်ပါ၏။

ပထမ အဆင့်

ဦးစွာ ပထမ ဒေါင်းယူကြပါကုန် . . .

  1. flash tool
  2. CWM
  3. Color os Rom
  4. Root.zip
  5. google apps

၁။ ဒေါင်းလို့ ပြီးပါက CWM Zip ဖိုင်ကို ဖြေထားပါ . . .

၂။ Flash Tool ကို zip ဖြေပြီး ဖိုဒါထဲမှာ ပါသော flash_tool ဆိုတာကို ဖွင့်ပါ။

အရင်လုပ်ထားတဲ့ Facebook Fun Page အဟောင်းတွေကို ဖျက်နည်း ခေတ္တပိတ်ထားနည်း





အမြန်ဖျက်ချင်ရင် ဒီကို နှိပ်လိုက် - https://www.facebook.com/pages/Delete

မဖျက်ချင်လို့  ခေတ္တပဲ ပိတ်ထာချင် ပုံထဲကလို Unpublish လုပ်ထားလိုက်ပါ

ဒါဆို သူများတွေ မမြင်ရ ရှာမရပါဘူး နောက်မှအဆင်ပြေမှ ပြန်ဖွင့်ရတယ်

Saturday, April 11, 2015

Factory Reset ချပြီးတဲ့ ဖုန်းတစ်လုံးမှ ဓာတ်ပုံများနဲ့ အရေးကြီးတဲ့ Data များကို ပြန်လည်ရယူနည်း


Factory Reset ချပြီးတဲ့ ဖုန်းတစ်လုံးမှ ဓာတ်ပုံများနဲ့ အရေးကြီးတဲ့ 
Data များကို ပြန်လည်ရယူနည်း

မင်္ဂလာပါ
ကျန်းမာရေးသိပ်မကောင်းတာနဲ့ ပိုစ့်ကောင်းကောင်း
မရေးနိုင်သေးပါ၊ တောင်းဆိုထားကြတဲ့ ညီအကိုများကိုလည်း
ဒီနေရာမှ မတ္တောရပ်ခံပါတယ် ခင်ဗျား
တောင်းဆိုမှုတိုင်းကို တစ်ဖြေးဖြေးရှင်းတင်ပေးသွားမှာပါ
တောင်းဆိုလာကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်

အခုကျနော်ပြန်လည်မျှဝေချင်တာလေးကတော့
Factory Reset ချပြီးတဲ့ ဖုန်းတစ်လုံးမှ ဓာတ်ပုံများနဲ့
အရေးကြီးတဲ့ Data များကို ပြန်လည်ရယူနည်းလေးဖြစ်ပါတယ်။

Wednesday, January 28, 2015

ကွန်ပျူတာမှာ Window Explorer has stopped working ဆိုတာကိုဖြေရှင်းနည်း

 
မင်္ဂလာပါ ကျွန်တော် ခုတင်ပြမယ့် အကြောင်းအရာလေးကတော့ ကွန်ပျူတာ သမားတော်တော်များများသိထားနှင့်ပြီးသော အကြောင်းရာဘဲဖြစ်ပါလိမ့်မယ်.. ဒါပေမယ့် မသိသေးသော USER များအတွက် ရည်ရွယ်ပြီး တင်ပြလိုက်ခြင်းဖြစ်ပါတယ်..
ဒါကတော့.. ကွန်ပျူတာမှာ တခါတခါ Window Explorer has stopped working ဆိုတဲ့ ဘောက်တခုကျလာပြီး တော်တော်နဲ့ အဆုံးမသတ်နိုင် ဖြစ်တတ်ပါတယ်.. ဒါကလည်း
မသိခင်ကတော့ တော်တော် စိတ်ပျက်စေတဲ့ Error တခုလို့ ထင်မြင်ယူဆမိခဲ့ပါတယ်.. ဒါပေမယ့် 
သည်နည်းလေးကို ကျွန်တော် အဆင်ပြေသွားစေတဲ့ ဖြေရှင်းနည်းလေးတစ်ခု ခုလိုတင်ပြလိုက်ရခြင်း ဖြစ်ပါတယ်.. အရမ်းလည်း လွယ်ကူရိုးရှင်းတာ ကြောင့် မိတ်ဆွေများအနေဖြင့်
အခက်ခဲ ဖြစ်လာရင် ဖြေရှင်းဖို့ သင့်တော်ပါလိမ့်မယ်.. အောက်မှာ ကျွန်တော် ပုံလေးများနဲ့ တစ်ကွ ဖြေရှင်းနည်းလေးကို အစဉ်လိုက် ချပြသွားမှာဖြစ်ပါတယ်..အဆင်ပြေမှာပါ..
ပထမဆုံးအနေနဲ့ မိမိတို့ကွန်ပျူတာနဲ့  Run Box ကိုခေါ်လိုက်ပါ... မခေါ်တတ်ရင် ကီးဘုတ်ရဲ့ Win + R ကိုတွဲကလစ်လိုက်ပါနော်..အောက်ကလို ပေါ်လာပါလိမ့်မယ်...
အောက်မှာ နံပါတ်စဉ်အတိုင်း  ပုံလေးတွေ ကြည့် သွားလိုက်ပါနော် အဆင်ပြေပါပြီ...

အတိုကောက်မှတ်သားလိုပါက
==================
HKEY_LOCAL_MACHINE >>double click
Software>>double click
Microsoft>>double click
Window>>double click
Current >>double click
Explorer>>double click
Browser Helper Objects Browser Helper Objects တွေ့မယ် သူ့ကို
Right Click နှိပ်ပြီး Delete ကိုနှိပ်လိုက်ပါ။
 မှတ်ချက် ။    ။ နံပါတ် ( ၁ ) မှစလို့ကလစ်သောစာတန်းအားလုံးကို Double Click ဖြင့် ကလစ်ပြီးသွားရမည်ဖြစ်ပါသည်။  
နောက်ဆုံး နံပါတ် ( ၇ ) တွင်  Browser Helper Objects ကို
Right Click နှိပ်ပြီး Delete ကိုနှိပ်လိုက်ပါ။
 အိုကေပါပြီနော်.. မိမိတို့ကွန်ပျူတာမှ တက်လာသော Window Explorer has stopped working ဆိုတဲ့ ဘောက်လေး နောက်ဆို တက်လာမှာ မဟုတ်တော့ပါဘူး...အားလုံးအဆင်ပြေကြပါစေ။
ကျွန်တော် သိသမျှ ပြန်လည် မျှဝေနေသော နည်းပညာလေးများအား ဆက်လက် အားပေးလိုပါက
www.aungsanmks.com သို့လာရောက် လေ့လာသုံးစွဲနိုင်ပါကြောင်း...

စာအုပ်ကိုဒေါင်းခြင်တော့အောက်မှာ

Window Explorer has stopped working  ဆိုတာကိုဖြေရှင်းနည်း စာအုပ်

Download  With Mediafire
(OR)
Download With Pcloud




Dနေမင်း(နည်းပညာ)

Saturday, January 24, 2015

Gmail & Facebook New Account ဖွင့်နည်း



အားလုံးမင်္ဂလာပါ အခြေခံ Gmail Account ဖွင့်နည်းနဲ့ အခြေခံ Facebook Account ဖွင့်နည်းလေးကို ရေးသားလိုက်ပါတယ် ဒီပို့စ်လေးကိုရေးသားခြင်းကတော့ အခုမှအင်တာနက် လိုင်းပေါ်ကို ရောက်တာတဲ့ ညီအကိုမောင်နှများအတွက် ကိုယ်တိုင် Account လေးလုပ်တတ်အောင်လို့ ရည်ရွယ်ပြီးတော့ ဒီပို့စ်လေးကို ရေးသားလိုက်ပါတယ် မိမိအသုံးပြုတဲ့ Account လုံခြုံစေချင်တယ်ဆိုရင် မိမိကိုယ်တိုင်ဖွင့်သုံးခြင်းကအကောင်းဆုံးပါ သိတဲ့တတ်တဲ့သူတွေ အတွက်တော့ ဆောရီးပါနော် လုံးဝ မသိမတတ်သေးသောသူများအတွက် ရည်ရွယ်ပြီး ရေးသားခြင်းသာဖြစ်ပါသည်

Sunday, November 16, 2014

How To Backup & Restore Your Pc ( ကွန်ပျူတာမှာဘက်အပ်လုပ်ယူနည်း & ပြန်သွင်းနည်


 

မင်္ဂလာပါ ကျွန်တော် ကွန်ပျူတာမှာ ဘက်အပ် လုပ်ဆောင်ခြင်း ကဏ္ဍကို အရှင်းလင်းဆုံး၊ နားလည်နိုင်ဆုံး ဖြစ်စေရန်အတွက် အသေးစိတ်တစ်ဆင့်ချင်းကို   ပုံလေးတွေနဲ့ တကွ ရှင်းလင်းဖေါ်ပြပေးထားတာပါ။


ကဲစလိုက်ကြရအောင် back up ဘာလို့ လုပ်ရသလဲဆိုတာကို အရင် သိသလောက်ပြောပြပါ့မယ်နော်....
ကွန်ပျူတာတွေရဲ့ ဝင်းဒိုးပြဿနာတွေ ခဏခဏတက်နေတဲ့အတွက် အစကနေပြန်ပြန်ပြီး Windows မတင်ချင်တာရယ်၊ ကိုယ်ထည့်သွင့်ထားတဲ့ program တွေကို Windows ကြောင့်၊ virus ကြောင့်၊ အခြားပြဿနာ တစ်ခုခုကြောင့် ဖြစ်စေ မပျက်ဆီး မဆုံးရှုံးခင်မှာ back up လုပ်ထားလိုက်ရင် Windows ပြန်တင်စရာမလိုဘဲ အဲဒီ back up Image ဖိုင်ကို ပြန်ထည့်လိုက်တာနဲ့ Windows လည်း တင်ပြီးသား ဖြစ်သလို  Software တွေလည်း တင်ပြီးသား ဖြစ်သွားအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။ တကယ်တော့  Windows Partition အပိုင်းတစ်ခုလုံးကို Image file အဖြစ် copy ကူးယူလိုက်ခြင်းဖြစ်ပါတယ်...ဒါလေးကို ကျွန်တော် စတင်လုပ်ခဲ့စဉ်က  နေမင်းမောင်  ဆိုဒ်မှာ တွေ့ပြီး လေ့လာလုပ်ဆောင်ခဲ့ဘူးပါတယ်...

သိထားရမှာကတော့   back up လုပ်တယ်ဆိုတာ ဝင်းဒိုးတင်ပြီး အရေးကြီးလိုအပ်တဲ့ Program တွေ၊ Driver တွေ ထည့်ပြီးတဲ့ အချိန် မှာ လုပ်ထား တာပိုကောင်းပါမယ်နော်...အချိန်ကာလကြာလာမှ လုပ်ကြမယ်ဆို  ဝင်းဒိုးထဲမှာလဲ program တွေများလာမှာဖြစ်တဲ့အတွက် ဒီအချိန်ကြမှ back up လုပ်မယ်ဆိုရင် အချိန် အရမ်းကြာမှာဖြစ်ပြီ Restore ပြန်လုပ်မယ်ဆိုရင် လဲအချိန်တွေကြာနေ အုံးမှာဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေများအနေနဲ့ အပေါ်မှာ ကျနော်ပြောခဲ့သလို ဝင်းဒိုးတင်ပြီး လိုအပ်တာတွေ ဖြည့်စွပ်ပြီးတဲ့ အချိန်မှာ back up လုပ်ပေးကြပါ ဒါမှ Windows ပြန်တင်ရတဲ့ ဒုက္ခ ၊ program တွေ ၊ Driver တွေ ထည့်သွင်း ရတဲ့ ဒုက္ခ မှကင်းဝေးမှာဖြစ်ပါတယ်။ အားသာချက်အနေနဲ့ ပြောရမယ်ဆိုရင် ဝင်းဒိုးတစ်ခုလုံးကို back up မလုပ်ဘဲ မိမိအတွက် အသုံးဝင်တဲ့  program ကိုဘဲ back up လုပ်နိုင်တာပါ။ မိမိတို့  back up လုပ်တဲ့အချိန်များမှာ Data တွေကိုရွေးချယ်ပြီး back up လုပ်ခွင့်ရှိတာကို ရွေးချယ်ပေးခဲ့မယ်ဆိုရင် မိမိ back up လုပ်ချင်တာကိုဘဲ လုပ်နိုင်မှာဖြစ်ပါတယ်။ restore ပြန်လုပ်မယ်ဆိုရင်လဲ မိမိအသုံးပြုမယ့် back up file ကိုဘဲ restore ပြုလုပ်နိုင်ပါတယ်။
သည်လို နည်းလမ်းလေးတွေကိုလည်း ကျွန်တော်ကိုယ်တိုင်  စတင်လေ့လာစဉ်က  မှတ်သားခဲ့ဖူးတာလေးတွေကို  ယခုချိန် ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်...
မူပိုင်နည်းပညာတွေ မဟုတ်ပေမယ့်  လက်ဆင့်ကမ်းတဲ့အနေနဲ့  မှတ်သားထားမိသလောက်တော့ ပြန်လည် ဝေမျှသွားမှဖြစ်ပါတယ်နော်...
လေးစားစွာဖြင့်....ဘလော့ခရီးသည်

 How To Backup Your Pc
 ပုံနှင့်တစ်ကွ  ကျွန်တော် လုပ်ထားတာလေးတွေကို တဆင့်ခြင်းရှင်းသွားပါ့မယ်နော်..
စဖို့ရာအတွက် မိမိတို့ ကွန်ပျူတာမှ  Contropanel  ကိုသွားလိုက်ပါ
အဆင့် (၁)          အနေနဲ့ Backup and  Restore  ဆိုတာကိုကလစ်လိုက်ပါ။
အဆင့်  (၂)             အနေနဲ့ဆက်လက်ပြီး Set Up Backup  ကိုကလစ်လိုက်ပါ။


အဆင့် (၃)                အနေနဲ့ကတော့ အပိုင်းတွေ မြင်နေရပါမယ် မိမိတို့ သိမ်းလိုသောအပိုင်းကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်


အဆင့်  (၄)       အနေနဲ့ကတော့ Let Me Choose  ဆိုတာအမှတ်ပေးကာ အောက်က Next ဆိုတာကလစ်ပါ။

အဆင့်  (၅)           အနေနဲ့ကတော့မိမိတို့ Backup  လ်ုပလိုသော အပိုင်းတွေ ဖိုင်တွေ ကိုရွေးချယ်နိုင်ပါတယ်။


အဆင့် (၆)           အနေနဲ့Change schedule ဆိုတာကလစ်ပြီး ဆက်သွားပါ။

အဆင့်  (၇)               အနေနဲ့ အချိန်ကာလ နေ့ရက်တွေ ရွေးချယ်နိုင်ပါတယ်။


အဆင့်  (၈)          အနေနဲ့ မိမိတို့ Backup လုပ်ငန်းစတင်နေပါပြီ....စောင့်နေလိုက်ပါနော်။


အချိန် အသင့်တင့်တော့ ကြာပါမည်... စောင့်နေရပါမယ်နော်...ဒါဆို မကြာခင်မှာ မိမိတို့  ကွန်ပျူတာမှ Backup  ကိုရရှိမှာဖြစ်ပါတယ်... သည်လောက်ဆို  Backup   လုပ်ဆောင်ခြင်း ကို နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်.. BACKUP  လုပ်ဆောင်ချက်လေးများကို စာအုပ်အဖြစ် ဒေါင်းယူလိုပါက.....

How To Backup Your Pc ( PDF-DOWNLAOD)

Restore  လုပ်နည်းကိုလည်း ဆက်လက် ရေးသား ပေးပါ့မယ်...နော်..


ကွန်ပျူ တာမှာ RESTORE  ပြုလုပ်နည်း

အဆင့်  ( ၁ )  အနေနဲ့  မိမိတို့ ကွန်ပျူတာ နဲ့ Contropanel ကိုဝင်ပြီး Backup and restore  ကိုဝင်ပါ။
 
အဆင့်  ( ၂ )        အနေနဲ့  Recover system setting or your computer   ကို Click ပါ။
 အဆင့်  ( ၃ )         အနေနဲ့ကတော့   Advance recovery method    ကိုရွေးချယ်လိုက်ပါ


အဆင့်  ( ၄ )        အနေနဲ့ဆက်လက်ပြီး ( Choose Advance recovery method ) တွင် မိမိသိမ်းထားခဲ့ တဲ့ Back up file မှတစ်ဆင့် Restore လုပ်မှာဖြစ်တဲ့အတွက် Use a system image you created earlier to recover your computer ကိုရွေးပြီး Click ပေးလိုက်ပါ။

အဆင့်  ( ၅ )                  ကတော့ Restart ဆိုတာကလစ်လိုက်ပါနော်.



အဆင့် ( ၆ )                 မှာဆက်လက်ပြီးတော့  Next  ဆိုတာကလစ်ပါ။

အဆင့်  ( ၇ )                     ကတော့ အောက်ကပုံတိုင်း
back up လုပ်ထားတဲ့ image file တည်နေရာကို  အလိုအလျောက် ဖေါ်ပြပေးပါလိမ့်မယ်။ Next ကို ဆက်ပြီး Click ပါ။


အဆင့် ( ၈ )                     မှာက Next ဆိုတာနဲ့ဆက်သွားလိုက်ပါ။


အဆင့် ( ၉ )            ကိုဆက်လက်ကြည့်လိုက်ပါ  အောက်ကတိုင်း Finish  ဆိုတာပေါ့ဗျာ..


အဆင့်  ( ၁၀ )                 အနေနဲ့ လုပ်ဆောင်ချက် နောက်ဆုံး ဖြစ်ပါတယ် Restore  လုပ်ငန်းစဆင်နေပါပြီ.. စောင့်နေလိုက်ပေတော့နော်...အိုကေ


စာအုပ်အဖြစ်ဒေါင်းယူလိုပါက  အောက်မှာ  Backup  လုပ်နည်း နဲ့ Restore လုပ်နည်းဆိုပြီး  ၂ အုပ်ခွဲရေးထားပါတယ်..နော်

ကွန်ပျူ တာ Backup လုပ်နည်း
(or)

ကွန်ပျူတာ Restore လုပ်နည်း
(or)
 
 
 
 
Dနေမင်း(နည်းပညာ)
 ကျနော်ရေးသော အခြားစာအုပ်များ ဒေါင်းယူလိုပါက    သည်မှာ    ၀င်ဒေါင်းလိုက်ပါနော်
ဘလော့ခရီးသည်