
ကျနော် စာမရေးတာ ကြာသွားလို့ ကျနော့် Reader တွေလည်း ပိုစ့်တွေ
မျှော်နေလောက်ပြီ ထင်ပါတယ်..။ ကျနော်အသုံးပြုနေတဲ့ အင်တာနက်က
ဖိုင်တွေတင်လို့ အဆင်မပြေတာရယ် ၊ တခြား အကြောင်းလေးတွေကလည်း အနည်းငယ်
ရှိနေလို့ စာမရေးဖြစ်တာပါ..။ မကြာခင်တော့ ပိုစ့်တွေ ပြန်လည်တင်ပေး
နိုင်လိမ့်မယ် ထင်ပါတယ်..။ ဒီနေ့ လုပ်နည်း ပိုစ့်လေးကတော့ Windows 8.1
အသုံးပြုသူများအတွက်ပါ..။
Windows 8.1 တွေမှာ ဝင်းဒိုးပျက်သွားတဲ့အခါ ပြန်လည်ပြီး Repair နဲ့ Image
Files တွေ ပြန်လည် Restore ပြုလုပ်နိုင်ဖို့အတွက် ဒီ Recovery
လုပ်နည်းလေးကလည်း တတ်ထား၊ သိထားသင့်တဲ့ နည်းလေးတခုပါပဲ..။ ဒီနည်းကို
ပြုလုပ်ဖန်တီးယူဖို့အတွက် ဆိုဒ်အသေးဆုံးဖြစ်တဲ့ USB Pendrive တစ်ချောင်း
(သို့မဟုတ်) 512 MB ရှိတဲ့ SD Card တခုတော့ ရှိဖို့ လိုပါတယ်..။ ဒီထက်
ဆိုဒ်ကြီးလို့လည်း ရပါတယ်..။ ဒီ့ထက်ဆိုဒ်သေးလို့တော့ မရပါဘူး..။ SD Card
နဲ့ အသုံးပြုမယ်ဆိုရင်တော့ Card Reader နဲ့ တွဲပြီး Windows 8.1 တင်ထားတဲ့
မိမိတို့ရဲ့ ကွန်ပျူတာမှာ အရင်ဆုံး တပ်ဆင်ထားပါ..။ ဒီနည်းကို မပြုလုပ်ခင်
မိမိတို့ရဲ့ SD Card (or) Pendrive တွေထဲမှာ ဘာဖိုင်၊ ဘာ Data မှ
ရှိမနေရပါဘူး..။