D Nay Min
Wednesday, September 24, 2014
ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာရှိ တောင်သူများအား ခမရ (၅၃၁) က ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲထားရာ ဖရူဆိုတရားရုံး၌ စတင်စစ်ဆေး
ကျွန်တော်တို့ ကိုယ့်လယ်ကိုယ်ထွန်တာ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခံရတယ်ဗျာ။ ဒါမတရားဘူး။ ကျွန်တော်တို့ ဘိုးဘွားပိုင်မြေဖြစ်ကြောင်း သက်သေပြသွားမှာပါ” ဟု တရားစွဲခံထားရသူ တောင်သူတစ်ဦး ဖြစ်သော ခူးဆူရယ်က ပြောကြားသည်။တရားရုံးသို့ ဆိုလျားကူးရေးရွာမှ ရွာသား ၁ဝဝ ကျော်နှင့်အတူ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ တောင်သူလယ်သမား ကော်မတီဝင်များ၊ ကရင်နီပြည်လူငယ်များ သမဂ္ဂအဖွဲ့ဝင်များလည်း လာရောက်စောင့်ကြည့် နားထောင်ကြသည်ဟု သိရသည်။ကယားပြည်နယ်တွင် ပထမဆုံး ထွန်တုံးတိုက်ပွဲအဖြစ် မေ ၂၇ ရက်တွင် ဆိုလျားကူးကျေးရွာရှိ တောင်သူသုံးရာကျော်က ဆုတောင်းဝတ်ပြုခြင်းဖြင့် စတင်ကာ ထွန်ယက်စိုက်ပျိုး ခဲ့ကြပြီးနောက် ဖရူဆိုမြို့နယ် အုပ်ချုပ်ရေးမှူးက တောင်သူကော်မတီ ၁ဝ ဦး လက်မှတ်ထိုးပါက တောင်ယာဆက်လက် လုပ်စားခွင့်ပြုမည်ဖြစ်ကြောင်း ပြောဆိုသော်လည်း တောင်သူများက မိမိတို့ဘိုးဘွားပိုင် မြေများဖြစ်၍ လက်မှတ်မထိုးနိုင်ကြောင်း ငြင်းဆို၍ တောင်ယာများအား ဆက်လက် ထွန်ယက်စိုက်ပျိုး ခဲ့ကြသည်ဟု သတင်းရရှိသည်။ခမရ ၅၃၁ တပ်မှ သိမ်းယူရာတွင် တောင်ယာစိုက်ပျိုးမြေ ၄၃၈ ဧက အပါအဝင် သစ်တောမြေနှင့် စားကျက်မြေများ စုစုပေါင်း ဧက ၁၂ဝ၈ အား သိမ်းယူခဲ့ခြင်းဖြစ်ပြီး ဆိုလျားကူး ကျေးရွာသားများ လုပ်ကိုင်စားသောက်နေသော တောင်ယာမြေအားလုံး တပ်မြေဧရိယာထဲ ပါဝင်သွားခြင်း ဖြစ်သည်ဟု သိရသည်။
Labels:
မြန်မာသတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment