Monday, September 15, 2014

ဒုက္ခသည်စခန်းများတွင် ဘင်္ဂါလီဦးရေ လေးသောင်းခန့် တိုးလာဟု ရခိုင်အမျိုးသားအင်အားစုပြော


ပဋိပက္ခ ၂ နှစ်ကျော် ကာလအတွင်း ဒုက္ခသည်စခန်းများတွင် ဘင်္ဂါလီ လူဦးရေ လေးသောင်းခန့် တိုးပွားလာနေကြောင်း ရခိုင်အမျိုးသားအင်အားစုများက နိုင်ငံတော်သမ္မတထံသို့ တင်ပြစာတွင် ဖော်ပြထားသည်။စစ်တွေမြို့ရှိ မြို့မိမြို့ဖ အဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေးရဟန်းတော်များ၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့တို့က ဘင်္ဂါလီလူမျိုးများ နေရာချထားရေး နှင့် ပတ်သက်၍ ဒေသခံများ၏ ဆန္ဒသဘောထားများကို နိုင်ငံတော်သမ္မတထံသို့ ပေးပို့သော စာတွင် ယင်းကဲ့သို့ ဖော်ပြထား ခြင်းဖြစ်သည်။ယင်းတင်ပြစာကို စက်တင်ဘာ ၁၁ ရက်က ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော် သမ္မတထံ တိုက်ရိုက်ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းကဆိုသည်။ အဆိုပါ စာတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံး ၌ ဘင်္ဂါလီလူမျိုး ၁ ဒသမ ၃၃ သန်း ရှိသည့်အနက် ရခိုင်ပြည် နယ်တွင် ၁ ဒသမ ၀၅ သန်းခန့်ရှိကြောင်း၊
သန်းခေါင်စာရင်းကာလတွင် ရခိုင်ပြည်နယ်၌ ဘင်္ဂါလီ လူမျိုးခြောက်ထောင်သာစာရင်း ကောက်ခံပြီး ကျန်သူများမှာ တရားမ၀င် ရိုဟင်ဂျာအမည်ခံ၍ စာရင်းအကောက်မခံဘဲဖီဆန်နေကြောင်းနှင့် ပဋိပက္ခ ၂ နှစ်ကျော် ကာလအတွင်း ဒုက္ခသည်စခန်းများ၌ ဘင်္ဂါလီလူဦးရေ လေး သောင်းခန့် တိုးပွားလာနေ ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ကိုးကား၍ ဖော်ပြထားသည်။ယင်းအချက်နှင့် စပ်လျဉ်း၍ ‘‘လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ကျွန်တော်တို့ကို ပြောကြားထားတာတွေရှိပါတယ်’’ ဟု စစ်တွေမြို့မိ မြို့ဖဦးသန်းထွန်းကဆိုသည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီထံ ဆက်သွယ် မေးမြန်းခဲ့ရာ ရုံးအဖွဲ့မှူးသို့ ဆက်သွယ်၍ စာဖြင့်ရေးသားအကြောင်းကြားထားရန်နှင့် ၀န်ကြီး ခရီးထွက်နေသောကြောင့် လတ်တလောတွင် ပြန်လည်ဖြေကြားရန် အဆင့်သင့် မဖြစ်သေးကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ယင်းကဲ့သို့ ဒုက္ခသည်စခန်းများတွင်လူဦးရေတိုးပွားလာခြင်းမှာ တရားမ၀င် ၀င်ရောက်နေထိုင်သူများရှိနေ၍ဖြစ်ကြောင်း ရခိုင်အမျိုးသားအင်အားစုများကသုံးသပ်သည်။ဒုက္ခသည် စခန်းများတွင် စားနပ်ရိက္ခာနှင့် ဆေးဝါး စောင့်ရှောက်မှုများ ထောက်ပံ့မှုရခြင်းကြောင့်လည်း ယင်းကဲ့သို့ ၀င်ရောက်နေထိုင်မှုမျိုးရှိကြောင်း ၎င်းတို့ကဆိုသည်။ရခိုင်ပြည်နယ်ရှိ အမှတ် (၄) ရဲတပ်ရင်းများကွပ်ကဲရေးအဖွဲ့မှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ဘင်္ဂါလီ ဒုက္ခသည်စခန်းများသို့ အခြားဒေသများမှ ခိုးဝင်မှု၊ ခိုးထွက်မှုများရှိတတ်ပြီး လုံခြုံရေး တပ်ဖွဲ့များက ပင်လယ်ပြင်ဝင်ပေါက်ကို အချိန်ပြည့် စောင့်ကြည့်နေရကြောင်း ပြောသည်။ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ ဒုက္ခသည်စခန်းများမှာ စစ်တွေ မြို့အနောက်ပိုင်းတွင် အများဆုံး တည်ရှိပြီး လူဦးရေ တစ်သိန်း ကျော်ရှိသည်ဟု ခန့်မှန်းထားသည်။ သို့သော် ဒေသအတွင်း အဖွဲ့အစည်းများက တစ်ဖက် နိုင်ငံ ပင်လယ်ရေလမ်းမှ တစ်ဆင့် ခိုးဝင်မှုများ ရှိနေသည့်အ တွက် ယင်းပမာဏထက် များပြားနိုင်ကြောင်း ဆိုသည်။ တစ်ဘက်နိုင်ငံ နယ်စပ်မောင်တောတွင်မူ ဘင်္ဂါလီဒုက္ခသည်စခန်း တစ်ခုမှ မရှိသော်လည်း ရခိုင်အပါအ၀င် တိုင်းရင်းသားလူဦးရေမှာ ၈ ရာခိုင်နှုန်းခန့် သာရှိကြောင်း သတင်းရရှိသည်။ပေါက်တော၊ မြေပုံ၊ မြောက်ဦး၊ ကျောက်ဖြူ စသည့် မြို့နယ်များ၌လည်း ဘင်္ဂါလီ ဒုက္ခသည်စခန်းများ တည်ရှိသည်။







D Nay Min

No comments:

Post a Comment