Dနေမင်း(နည်းပညာ)
Friday, October 3, 2014
Spy Hunter 4(Spyware and Malaware Removel Tool)
အင်တာနက်ပေါ်မှ တစ်စုံတစ်ရာဒေါင်းလုဒ်တဲ့အခါ ကပ်ပါလာတတ်တဲ့ Spyware and Malaware တို့ကို စစ်ဆေးပြီး ဖျက်ပေးတဲ့tool တစ်မျိုးကိုရှယ်ပေးလိုက်မယ်။ ဒီဆော့ဖ်တ်ဝဲလေးဟာ Spyware and Malaware တွေကို အလွယ်တကူစစ်ဆေးပေးနိုင်တယ်။နောက်ပြီးဖူးဗားရှင်းအတွက် ခရက်ဖိုင်ပါထည့်ပေးထားတော့ ပိုအဆင်ပြေတာပေါ့။ ကျနော်တင်လိုက်တဲ့ဆော့ဖ်တ်ဝဲအများစုဟာဖူးဗားရှင်းဖြစ်အောင်ကီးဂျင်း၊ ခရက်ဖိုင်စတာတွေတစ်ပါတည်းထည့်ပေးတာများတယ်။အသုံးပြုသူများအတွက် အပန်းမကြီးအောင်ပေါ့ဗျာ။ ေ
နာက်ကျနော်တင်ပေးလိုက်တဲ့ဆော့ဖ်တ်ဝဲအများစု RAR ဖိုင်များဟာ ဘာပတ်စ်ဝါဒ်နဲ့မှမခံထားဘူး။ ခံထားချင်သပတ်ဆိုတင်တောင်မပေးတော့ဘူး။ တစ်ချို့ဆိုက်တွေမှာဆိုတင်ထားတဲ့ဖိုင်တွေကို ပတ်စ်ဝါဒ်နဲ့ပါခံထားလိုက်သေးတယ်။မပေးချင်လျှင်အစကတည်းကမတင်နဲ့ပေါ့။ဟုတ်ဘူးလား။ကျနော်တို့ကရှင်းရှင်းလင်းလင်းပြောရရင် သူများရောင်းစားတဲ့ဆော့ဖ်တ်ဝဲတွေကို ခရက်ဖိုင်နဲ့သော်၎င်း၊ကီးဂျင်းကိုအသုံးပြုပြီးအက်တီဗိတ်လုပ်ခြင်းသော်၎င်း ပြုလုပ်တဲ့သများဖြစ်သည့်အတွက် သူခိုးနဲ့အတူတူပေါ့ဗျာ။ဒါကတော့ ကိုယ့်ရဲ့ဝန်းကျင်က Copy Right Law (မူပိုင် ဥပဒေ) ကအတိအကျမှမရှိသေးတာမလား။ အေ...ဒီလောကိုအတိအကျကျင့်သုံးတဲ့နိုင်ငံတွေကတော့သွားမလုပ်နဲ့လေ။အချောင်ခံရမယ်နော်။ ကဲထားလိုက်ပါတော့။ဒီနေရာမှာမသိသေးတဲ့ပုဂ္ဂိုလ်များအတွက် ဆော့ဖ်တ်ဝဲတစ်ခုကို Copy Right (မူပိုင်)နဲ့ Open(Free) Sources (အလကားပေးသုံးတဲ့)ဆော့ဖ်တ်ဝဲတွေဆိုပြီး (၂)ပိုင်းရှိပါတယ်။ ကျနော်တို့ Copy Right (မူပိုင်)ဆော့ဝဲတွေကို တရားဝင်မ၀ယ်ဘဲ Trial Versionအနေနဲ့ အင်စတောလုပ်ပြီး ဖူးဗားရှင်းဖြစ်အောင်လုပ်ချင်တယ်ဆိုလျှင် Crack File, Serial, Keygen စသည်တစ်ခုခုကို အသုံးပြုပြီးတော့လုပ်ဆောင်ရမှာဖြစ်ပါတယ်။ဒါတော့ ဗဟုသုတအားဖြင့်ပေါ့။
http://www19.zippyshare.com/v/58465225/file.html
D Nay Min
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment