အားလုံးမင်္ဂလာပါ အခြေခံ Gmail Account ဖွင့်နည်းနဲ့ အခြေခံ Facebook Account ဖွင့်နည်းလေးကို ရေးသားလိုက်ပါတယ် ဒီပို့စ်လေးကိုရေးသားခြင်းကတော့ အခုမှအင်တာနက် လိုင်းပေါ်ကို ရောက်တာတဲ့ ညီအကိုမောင်နှများအတွက် ကိုယ်တိုင် Account လေးလုပ်တတ်အောင်လို့ ရည်ရွယ်ပြီးတော့ ဒီပို့စ်လေးကို ရေးသားလိုက်ပါတယ် မိမိအသုံးပြုတဲ့ Account လုံခြုံစေချင်တယ်ဆိုရင် မိမိကိုယ်တိုင်ဖွင့်သုံးခြင်းကအကောင်းဆုံးပါ သိတဲ့တတ်တဲ့သူတွေ အတွက်တော့ ဆောရီးပါနော် လုံးဝ မသိမတတ်သေးသောသူများအတွက် ရည်ရွယ်ပြီး ရေးသားခြင်းသာဖြစ်ပါသည် Gmail Account ဖွင့်ဖို့စရအောင် Google ကိုသွားလိုက်ပါ www.gmail.com မှာ Email - Gmail - Google နှိပ်ပြီးအကောင့်သစ်လုပ်ဖို့သွားလိုက်ပါ ဒီနေရာလေးမှာ တိုက်ရိုက် သွားလည်းရပါတယ် အောက်ကပုံမှာအတိုင်း တစ်ဆင့်ချင်းစီဖြည့်စွက်ပါ သတိထားရမှာကတော့ Gmail လိပ်စာဖြည့်နေစဉ်ပါ အောက်မှာအနီရောင်နဲ့ပြထားလားပြန်ကြည့်ပါ မိမိဖြည့်လိုက်ပြီး အောက်မှာ အနီရောင် ပြထားရင် မရပါ Gmail လိပ်စာပြောင်းပြီးဖြည့်ကြည့်ပါ (ဥပမာ) maungmaung ဖြည့်လိုက်တဲ့အခါ မရဘူး အောက်မှာ အနီရောင်နဲ့ ရှိပြီးသားပြနေရင် maungmaung123 ပေါ့မိမိစိတ်ကြိုက်အဆင်ပြေသလိုဖြည့်ပါ ပြီးတော့ Password ကိုဖြည့်စဉ် ပုံမှာအတိုင်း အစိမ်းရောင်ပေါ်တဲ့ အထိနှိပ်ပါ အပြာရောင်လည်းရပါတယ် Password ကိုအပေါ်နဲ့အောက် အတူတူဖြည့်ပါ အားလုံးဖြည့်ပြီးရင်တော့ Next step မှာနှိပ်လိုက်ပါ
ဒီအဆင်မှာတော့ သင်ဟာ Gmail Account တစ်ခုကို ပိုင်ဆိုင်သွားပါပြီ
Gmail ရှိပြီဆိုတော့ Facebook Account လေးလုပ်ဖို့ စလိုက်ရအောင် www.facebook.com ကိုသွားလိုက်ပါ ပြီးတော့ Welcome to Facebook - Log In, Sign Up or Learn More
အဲဒီမှာသွားပြီး အောက်ကပုံမှာအတိုင်း မိမိ အသုံးပြုလိုတဲ့ နာမည်ထည့်ပြီး
Gmail ကိုတော့ မိမိလုပ်ထားတဲ့ Gmail ကိုဖြည့်ပေးလိုက်ပါ Female နဲ့ Male
မှာတော့ ကိုယ်တိုင်ရွေးပါ ပုံမှာကတော့ သူငယ်ချင်းမိန်းခလေးအတွက်မို့ Female
ကိုရွေးပေးထားပါတယ်
Skip နဲ့ပဲဆက်ကျော်ပါ
ဒါတွေကတော့ တခါတည်းဖြည့်လည်းရပါတယ် ကျွန်တော်ကတော့ နောက်မှဖြည့်မယ်ဆိုပြီး Skip နဲ့ဆက်ကျော်ထားပါတယ် မိတ်ဆွေတိုက တခါတည်းဖြည့်ခဲ့မယ်ဆိုရင်တော့ Save & Continue မှာနှိပ်ပြီးဆက်သွားပါ
အောက်ကအဆင့်မှာတော့ Add Friend မှာအပ်ရင်လည်းရပါတယ် ကျွန်တော်ကတော့ Skip နဲ့ပဲကျော်ထားပါတယ်
ဒီနေရာမှာတော့ ဓါတ်ပုံထည့်လို့ရပါပြီ ကျွန်တော်ကတော့ နောက်မှထည့်မယ်ဆိုပြီး Skip နဲ့ကျော်ထားပါတယ်
အောက်ကအဆင့်မှာတော့ သင်ဟာ Facebook Account တစ်ခုကိုပိုင်ဆိုင်သွားပါပြီ
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေ ယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ခဲ့ပေးပါ
Dနေမင်း(နည်းပညာ)
No comments:
Post a Comment