Facebook Messager Video Call ရအောင်ထည့်နည်း
မင်္ဂလာပါ... ကျွန်တော် သည်တခါရေးဖြစ်တဲ့ အကြောင်းအရာလေးကတော့
ကျွန်တော်တို့ ဖုန်းတွေမှာ သုံးနေကြတဲ့ Messager Apk ကနေ ပြီးတော့ Video
Call ခေါ်ခြင်တဲ့သူများအတွက် ခေါ်ဆိုလို့ ရမယ့် နည်းလမ်းလေးတစ်ခုကို ပြန်လည်
ရေးသား လိုက်ပါတယ်... ဒါလေးကိုတော့ အရင်ကလည်း ရေးသားထားကြတာတွေ တွေ့ဖူးသလို
လူတော်တော် များများလည်း ခုဆို အသုံးပြုနေကြပါတယ်... မသိသေးသော ယူဆာ
များအတွက် အထူး ရည်ရွယ်ပြီးရေးသားလိုက်ခြင်းဖြစ်ပါတယ်....
အဆင်ပြေစေဖို့လည်း ပုံလေးတွေနဲ့ သေခြာ ရှင်းပြထားပါတယ်နော်.... ကဲအောက်မှာ
လေ့လာရင်း စလိုက်ကြရအောင်...
( OR)
ဒေါင်းပြီးလို့ရလာတဲ့ apk လေးကို မိမိတို့ ဖုန်းမှာ Install
လုပ်ပေးလိုက်ပါ..ပြီးတာနဲ့ အဲ apk လေးကို ဖွင့်ပေးလိုက်ပါ... တက်လာတာနဲ့
အောက်မှာ ပုံလေးတွေတိုင်း ကြည့်လုပ်လိုက်ပါ...
ဖွင့်ထားတဲ့ apk ကနေ ပုံမှာ မြင်နေရတဲ့အတိုင်း Location
ချိန်းရမှာဖြစ်ပါတယ် အဲမှာ ကလစ်ပြီး United State
ဆိုတာကိုထားပေးလိုက်ပါ..ပြီးတာနဲ့ Start ဆိုတာကိုကလစ်လိုက်ပါ...ခဏစောင့်ပါ
တက်လာမဲ့ စာမျက်နှာမှာ trust ဆိုတာကို အမှန်ခြစ်ပေးပြီး Ok
ဆိုတာကလစ်ပေးလိုက်ပါ။
နောက်တဆင့်အနေနဲ့ ကတော့ မိမိတို့ Location ချိတ်ဆက်ပြီးတာနဲ့ Messager ဆီကိုသွားလိုက်ပါ
ကိုယ်ချက်ခြင်တဲ့ ခေါ်ခြင်တဲ့လူကို တချက်ကလစ်ကြည့်လိုက်ပါ အပေါ် call
နေရာမှာ video call လေး ပေါ်ပြီလား..မပေါ်သေးဘူးလားဆိုတာ မြင်ကြရမှာ
ဖြစ်ပါတယ်... ပုံမှာ ပါတဲ့အတိုင်း မပေါ်သေးတာကိုတွေ့ရမယ် ဆိုရင်...
ကျွန်တော် တို့ Messager ကို ဖုန်းရဲ့ Setting >> App Manager
ထဲကိုဝင်ပြီးတော့ Messager ဆိုတာကို ကလစ်ပါ Clear Data
လုပ်ပေးဖို့လိုပါမယ်.....
သည်လို လုပ်ခြင်းအားဖြင့် မိမိတို့ Messager ကိုတော့ တဖန်ပြန်လည်ပြီး
အကောင့် ပြန်ဝင်ရမှာ ဖြစ်ပါတယ်... အိုကေ အကောင့် Sing In
ပြီးကြည့်လိုက်ပါ....
Messager Sing In ၀င်ပြီး တာနဲ့ ချက်ဖို့
တယောက်ယောက်ကိုကလစ်လိုက်ပါ....ဒါဆို အပေါ် မှာ Video Call ဆိုတာလေး
ပေါ်နေတာကို တွေ့ရမှာဖြစ်ပါတယ်... အိုကေပါပြီ မိမိတို့ ခေါ်ခြင်သူကို video
call ဖြင့်ခေါ်ဆို ဆက်သွယ် နိုင်ပါပြီ...နော်....မိမိတို့ အသုံးမလိုတဲ့အခါ
အပေါ် Noti Bar ကနေဆွဲချပြီး
flash vpn လေးကိုကလစ်ပြီး Stop ထားလိုက်ပါ....ဒါဆို အဆင်ပြေပါပြီ..
အားပေးမှုကို အထူးကျေးဇူးတင်ပါတယ်.. အစစအဆင်ပြေကြပါစေလို့ မျှော်လင့်ရင်း နည်းပညာများကို ဆက်လက် ဝေမျှ ခံစားသွားပါမယ်...
ဘလော့ခရီးသည် ( မျှဝေသူ )
Dနေမင်း(နည်းပညာ)
No comments:
Post a Comment