ဒီနေ့ခေတ်မှာ ဆက်သွယ်ရေးအတွက် Messenger တွေကို လူတွေ စွဲလမ်းစွာ
အသုံးပြုနေကြပါတယ်။ ဒါပေမယ့် Messenger တွေကို အသုံးပြုရင် အင်တာနက်
ဆက်သွယ်မှု ရှိဖို့လိုအပ်ပါတယ်။ အင်တာနက် ဆက်သွယ်မှုမရှိဘဲ အသုံးပြုလို့ရပြီး
ဆန်းသစ်တဲ့ နည်းပညာ ပါရှိတဲ့ Messenger က FireChat ဖြစ်ပါ တယ်။
ပေနှစ်ရာအတွင်းမှာ ရှိတဲ့ FireChat User အချင်းချင်း Message, Photo
ပေးပို့ ရယူနိုင်ဖို့အတွက် အင်တာနက် မလိုအပ်ပါဘူး။ အင်တာနက်
ချိတ်ဆက်ထားရင်တော့ တစ်ကမ္ဘာလုံးမှ FireChat အသုံးပြု သူတွေနဲ့ စာပေးပို့
ရယူနိုင်ပါတယ်။
FireChat ကို အင်စတောလုပ်ပြီးရင် Signup လုပ်ဖို့အတွက်တော့ အင်တာနက် ခဏတာ ဖွင့်ရမှာ ဖြစ်ပါတယ်။ ပြီးရင် Username, Email တို့ကိုဖြည့်ပေးပြီး Signup လုပ်ပါ။ နောက်အဆင့်မှာတော့ တစ်ကမ္ဘာလုံးမှ FireChat User တွေကို ပြသပေးမှာ ဖြစ်ပြီး Follow လုပ်နိုင်ပါတယ်။ ပြီးရင်တော့ FireChat ရဲ့ Main Screen ကိုရောက်ရှိမှာပါ။
ဒီ Tutorial မှာတော့ အနီးအနားမှ FireChat User တွေနဲ့ Message တွေ ၊ ဓါတ်ပုံတွေ ပေးပို့ရယူ နည်းကိုသာ အဓိက ပြသပေးမှာ ဖြစ်ပါတယ်။ FireChat ကို သင့်အလုပ်မှ လုပ်ဖော်ကိုင်ဖက်များ ဒါမှမဟုတ် နေအိမ်မှ မိသားစုဝင်များရဲ့ ဖုန်းမှာလည်း အင်စတောလုပ်ပြီး အထက်ပါနည်းအတိုင်း Signup လုပ်ပေးရမှာပါ။ ပြီးရင် အင်တာနက် ဆက်သွယ်မှုကို ပိတ်နိုင်ပါပြီ။
FireChat မှာ Signup လုပ်ပြီးရင် အနီးအနားမှ FireChat User အချင်းချင်း ဆက်သွယ်ဖို့အတွက် အင်တာနက် ဆက်သွယ်မှုမလိုအပ်တော့တဲ့ အတွက် Mobile Data ကို ပိတ်ပါ။ ဖုန်းတွေအားလုံးမှာ WiFi နဲ့ Bluetooth ကို ဖွင့်ပါ။ အချိန်အနည်းငယ်ကြာရင် အနီးအနားမှာ FireChat User တွေရှိကြောင်း Notification တစ်ခုရရှိမှာ ဖြစ်ပါတယ်။

Notification ကို တစ်ချက်နှိပ်ပြီး နောက်ပေါ်လာတဲ့ Screen မှာ Nearby ကို ရွေးပေးပါ။ ဒါဆိုရင် အနီးအနားမှာ ရှိတဲ့ လူတွေနဲ့ Message ပေးပို့ ရယူနိုင်ပါပြီ။

Message သာမက ဓါတ်ပုံများကိုလည်း ပေးပို့ရယူနိုင်ပါတယ်။

FireChat ကို Android , iPhone တို့မှာ အသုံးပြုနိုင်ပါတယ်။ တစ်ခုမှတ်ထားရမှာက FireChat မှာ ပေးပို့တဲ့ Message များကို အနီးအနားမှ FireChat User အားလုံးက တွေ့မြင်နိုင်တာ ဖြစ်ပါတယ်။ FireChat မှာ Chatroom တွေ ပြုလုပ်နိုင်ပြီး Online ရော Offline ပါ အသုံးပြုနိုင်ပါတယ်။ Chatroom တစ်ခုမှာ လူတစ်သောင်းကျော် ပါဝင်နိုင်ပါတယ်။
စာရေးသူရဲ့ အတွေ့အကြုံအရ ဖုန်းနှစ်လုံးနဲ့ စမ်းသပ်ကြည့်တဲ့အခါမှာ FireChat ဟာ တည်ငြိမ်မှု သိပ်မရှိသေးပါဘူး။ FireChat ဟာလူရာပေါင်း၊ ထောင်ပေါင်းများစွာ အုပ်စုဖွဲ့အသုံးပြုတဲ့အခါမှာ ဆက်သွယ် မှုဟာ အလွန်ကောင်းမွန်တယ်လို့ သိရပါတယ်။ အဲဒီအတွက် လူများလေ ပိုမိုကောင်းလေ ဖြစ်ပါ တယ်။ FireChat ကို Android 2.3.3 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
Dနေမင်း(နည်းပညာ)
No comments:
Post a Comment