
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီကို ထောက်ခံတဲ့ အနေနဲ့ မုံရွာမြို့ရှိ ဆိုက်ကား သမားတွေဟာ ပါတီ အလံတွေ၊ အင်္ကျီတွေ၊ စတစ်ကာတွေ ၀တ်ဆင်ပြီး ကမ်ပိန်း တခုကို ဆိုက်ကား အစီးရေ ၂၀၀ ကျော်နဲ့ မြို့ပတ် လှည့်လည် ခဲ့ကြ ပါတယ်။
ထောက်ခံပွဲကို အောက်တိုဘာ ၁၀ ရက်နေ့ မနက် ၉ နာရီအချိန်က မုံရွာမြို့ ကားလေး ကွင်းရှေ့ကနေ စတင်ခဲ့ပြီး ဆိုက်ကား အစီးရေ ၂၀၀ ကျော် အပါဝင် ကားတွေနဲ့ ဆိုင်ကယ် aတွလည်း ပါဝင်လိုက်ပါ လှည့်လည် ခဲ့ကြပါတယ်။
ကမ်ပိန်းကို မုံရွာမြို့ရှိ ဆိုက်ကား ဂိတ်တွေမှ ဆိုက်ကား သမားတွေ အချင်းချင်း စုပေါင်းပြီး မိမိတို့ သဘောဆန္ဒ အလျှောက် ပြုလုပ် ခဲ့တာလို့ ဆိုက်ကား သမားတွေက ပြောပါတယ်။
ဆိုက်ကားတွေမှာ တပ်ဆင် ထားတဲ့ အလံတွေနဲ့ စတစ်ကာ aတွကိုလည်း ဆိုက်ကားသမား aတွက အကုန်ကျခံ ၀ယ်ယူခဲ့ တာလို့ ဆိုပါတယ်။
အန်အယ်လ်ဒီ ပါတီ ထောက်ခံ လှည့်လည်ပွဲကို ဗိုလ်ချုပ်လမ်း၊ သာစည်လမ်း၊ ပေ ၈၀ လမ်းနဲ့ ကျောက္ကာလမ်းမှ တဆင့် စတင် လှည့်လည်ရာ aနရာဖြစ်တဲ့ ကားလေး ကွင်းရှေ့မှာ အဆုံးသတ် ခဲ့ပါတယ်။
မုံရွာမြို့တွင် အခုလို ဆိုက်ကားနဲ့ ကမ်ပိန်း လုပ်တာဟာ ပထမဆုံး jဖစ်ပြီး ရွေးကောက်ပွဲ နီးကပ်လာ အချိန် မုံရွာမြို့ရှိ ဆိုက်ကား ဂိတ်မှ ဆိုက်ကား အများစုဟာ အန်အယ်လ်ဒီ အလံတွေနဲ့ စတစ်ကာကို တပ်ဆင် အလုပ် လုပ်နေ ကြပါတယ်။
ရန်နိုင်စိုး (မုံရွာ )




DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/115837
Dနေမင်း(နည်းပညာ)
No comments:
Post a Comment