
2GB RAM , 16GB Internal Storage တပ်ဆင်ထားပြီး 128GB အထိ ၀င်ဆန့်တဲ့ microSD Card ထည့်သွင်းနိုင်ပါတယ်။ အနောက်ဘက်မှာ 13 MP Camera နဲ့ LED Flash တစ်ခုကို တွဲဖက်တပ်ဆင်ထားပြီး အရှေ့ဘက်မှာ 8MP Camera ပါရှိပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ စစ်ဆေးတဲ့ ကိရိယာကို တပ်ဆင်ထားပါတယ်။
Dual SIM Phone ဖြစ်ပြီး 2G/3G/4G LTE ဆက်သွယ်မှုအားလုံးကို ထောက်ပံ့ပါတယ်။ အမြန်ဆုံး အနေနဲ့ Download Speed မှာ 300Mbps ဖြစ်ပြီး Upload Speed မှာ 50Mbps ဖြစ်ပါတယ်။ Bluetooth 4.1, WiFi b/g/n, GPS, FM Radio များပါရှိပါတယ်။
အရွယ် အစား အပြည့်အစုံမှာ 147.1 x 73.8 x 8.3mm ဖြစ်ပြီး အလေးချိန်မှာ ၁၅၆ ဂရမ် ဖြစ်ပါတယ်။ 3000mAh Battery တပ်ဆင်ထားပြီး USB Type-C မပါဘဲ microUSB 2.0 သာပါရှိပါတယ်။ Android 6.0 Marshmallow ကို EMUI Version 4.1 နဲ့ တွဲဖက်ထားပါတယ်။ တရုတ်မှာ 3G Model ကို ယွမ် ၈၉၉ ( ဒေါ်လာ ၁၃၉) ၊ 4G Model ကတော့ ယွမ် ၁၀၀ ပိုမို များပါတယ်။
No comments:
Post a Comment