Friday, October 24, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ထိုင်းဆက်သွယ်ရေး ကုမ္ပဏီတစ်ခု ပူးပေါင်းပြီး ပြည်တွင်းအင်တာနက်အမြန်နှုန်း 10 GB အထိ တိုးချဲ့မည်


မန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ထိုင်းနိုင်ငံအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု ပူးပေါင်းပြီး ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ မှစတင်၍ ပြည်တွင်း အင်တာနက်မြန်နှုန်းများကို 10 GB အထိ တိုးချဲ့ပေးသွားရန် ဆောင်ရွက်နေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာဝန်ကြီးဌာနမှ သတင်းရရှိသည်။


ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာ ဝန်ကြီးဌာနသည် ပြည်တွင်း အင်တာနက်မြန်နှုန်းများ တိုးချဲ့ရန်အတွက် နိုင်ငံခြား ဆက်သွယ်ရေးကုမ္ပဏီများကို ယခုစ်ဆန်းပိုင်းကာလက တင်ဒါခေါ်ယူမှုများ ပြုလုပ်ခဲ့ပြီး လျှောက်ထားကြသည့် ကုမ္ပဏီများအနက်မှ ထိုင်းနိုင်ငံ အခြေစိုက် Communication Authority of Thailand Company ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ထိုင်းနိုင်ငံ၏ ဆက်သွယ်ရေးကုမ္ပဏီနှင့် ပူးပေါင်း၍ လုပ်ကိုင်နေပြီဖြစ်သည့် ပြည်တွင်း အင်တာနက် ချိတ်ဆက်မှုလုပ်ငန်းသည် မကြာမီအချိန်အတွင်း အပြီးသတ်နိုင်တော့မည်ဖြစ်ပြီး ယခုလက်ရှိ တစ်နိုင်ငံလုံး အတိုင်းအတာ အသုံးပြုနေသည့် အင်တာနက် အမြန်နှုန်း 30.4 GB ထက်ပိုမို တိုးချဲ့ အသုံးပြုနိုင်တော့မည် ဖြစ်သည်။


Dနေမင်း(နည်းပညာ)

No comments:

Post a Comment