Saturday, October 11, 2014

Apple Pay ပါဝင်သည့် iOS 8.1 အား အောက်တိုဘာ ၂၀ တွင်ကြေညာမည်



Credit Card များနေရာတွင် အစားထိုးနိုင်မည့် Apple Pay လုပ်ဆောင်ချက် ပါဝင်သော iOS 8.1 အား ယခုလ ၂၀ ရက်နေ့တွင် ကြေညာဖွယ် ရှိကြောင်း သိရသည်။
Apple Pay ဝန်ဆောင်မှုအား iPhone, iPad, iPod Touch စသည့် iDevices များနှင့် အသုံးပြုနိုင်မည် ဖြစ် သော်လည်း နောက်ဆုံးထွက်ရှိထားသည့် iPhone 6 သို့မဟုတ် 6Plus တို့နှင့် တွဲဖက် အသုံးပြုပါက ပိုမို ကောင်းမွန်ဖွယ် ရှိကြောင်း လေ့လာသူများက ဆိုသည်။
Apple ၏ OS သစ်တွင် Apple Pay အပြင် အခြား Feature သစ်များလည်းပါဝင်မည်ဟု GSM Arena ကဖော်ပြ သည်။ထို့ပြင် နောက်ဆုံး ထွက်ရှိထားသည့် iOS တွင် ဖယ်ရှားခဲ့သော Camera Roll အားလည်း ပြန်လည် ထည့်သွင်းဖွယ် ရှိကြောင်း သိရသည်။


အခြားသတင်းတစ်ရပ်တွင်မူ Apple သည် ထုတ်ကုန်သစ်မိတ်ဆက်ပွဲများအား ယခုလအတွင်း ဆက်တိုက် ပြုလုပ် သွားဖွယ်ရှိကြောင်း ဖော်ပြသည်။ အောက်တိုဘာ ၂၀ ရက်နေ့တွင်ကျင်းပမည့် iOS သစ် မိတ်ဆက် ပွဲပြီးနောက် ဆက်တိုက်ဆိုသလိုပင် iPad Air နှင့် iPad Mini တက်ဘလက်သစ်မိတ်ဆက်ပွဲများ ကျင်းပ သွားဖွယ်ရှိကြောင်း ယင်းသတင်းကဆိုသည်။


D နေမင်း(နည်းပညာ)

No comments:

Post a Comment