Saturday, November 15, 2014

Samsung Galaxy Grand 2 SM-G7102 ( 4.4.2 ) ကို ROOT လုပ်ပြီး မြန်မာစာ အလွယ် ထည့်မယ်


 




မင်္ဂလာပါခင်ဗျား

အများဆုံး တောင်းဆို ထားကြတဲ့ Grand 2 ကို Root လုပ်ပြီး မြန်မာစာ အလွယ် ထည့် နည်းလေးပါ။ မိမိဖုန်းကို
Root လုပ်ပြီး အသုံး မပြုလုပ်လိုတဲ့ ဘော်ဒါတွေကတော့ Setting - Display ထဲဝင်ပြီး အသုံးပြု လိုတဲ့ Font ကို
အမှန်ခြစ်လေး ပေးလိုက်ရုံနဲ့ အဆင်ပြေပါတယ်။ ကီးဘုတ် အတွက်လည်း ဒီ အတိုင်းပါပဲ Setting - Language
and input - Default Font ထဲဝင်ပြီး အသုံးပြု လိုတဲ့ ကီးဘုတ်ကို အမှန်ခြစ်လေးပေးရုံပါ။

Root ဖောက်ပြီး မြန်မာဖောင့်နဲ့ ကီးဘုတ်ကို အသုံးပြုလိုတဲ့ ဘော်ဒါတွေ အတွက်တော့ 100% အဆင်ပြေအောင်
ကျနော် အသေးစိတ်ရှင်းပြသွားမှာပါ။

Root မလုပ်မှီ လိုအပ်မယ့် ဖိုင်များကို အောက်က လင့်တွေမှာ အဆင်ပြေသလိုဒေါင်းယူလိုက်ပါ။

Samsung USB Driver for windows အားဒေါင်းယူပါ။
▼ play store ▼
(OR)
▼ my.pcloud ▼

CWM-Touch & Odin & SuperSu ဖိုင်တွေကို အောက်ကလင့်တွေမှာ ဒေါင်းယူလိုက်ပါ
▼ my.pcloud ▼
(OR)
▼ mediafire ▼

Rootcheck.apk ကို အောက်ကလင့်မှာ ဒေါင်းပါ
▼ zippyshare ▼
(OR)
▼ mediafire ▼

FrozenKeyboard 1.1.3.apk ကို အောက်ကလင့်မှာ ဒေါင်းယူပါ။
▼ my.pcloud ▼
(OR)>
▼ zippyshare ▼

MM Aio Font Changer 1.0 apk ကို အောက်ကလင့်မှာ ဒေါင်းပါ။
▼ mediafire ▼
(OR)
▼ zippyshare ▼

၁။ Samsung USB Driver ကို ကွန်ပျူတာမှာ install လုပ်ပါ။

၂။ ဒေါင်းလော့ရလာတဲ့ Zip ဖိုင်ကို Extra Here နဲ့ ဖြေလိုက်ပါ။

၃။ Zip ဖိုင်ထဲတွင် UPDATE-SuperSU-v2.01 ဖိုင်လေးကို ဖုန်းရဲ့.. SD Card ထဲသို့ အရင်ကူးထည့်ပါ ပြီးရင်
ဖုန်း ပါဝါ ပိတ်လိုက်ပါ။

၎။ Download Mode ဝင်မှာဖြစ်တဲ့ အတွက် Power Button ခလုပ် Volume Down Button (အသံတိုးတဲ့
ခလုပ်) Home Button ကို တစ်ပြိုင်တည်း တွဲနှိပ်လိုက်ပါ။

အောက်ကပုံလေးကိုကြည့်လိုက်ပါ

၅။ ဖုန်းဟာ Warning ဆိုပြီး အောက်ကပုံအတိုင်းဖြစ်နေပါလိမ့်မယ်။

၆။ Volume Up Button အသံချဲ့ ခလုပ် ကို တစ်ချက်နှိပ်လိုက်ပါ။

အထက်ပါ ပုံအတိုင်း Download Mode ၀င်ပြီးရင်တော့

၇။ ဖုန်းကို ကွန်ပျူတာနဲ့ USB ကြိုးနဲ့ ချိတ်ဆက်လိုက်ပါ၊ ပြီးတော့ Odin3_v3.07 ဖိုင်ကို ဖွင့်လိုက်ပါ။

၈။ Odin ဖိုင်ပွင့် လာပြီးရင် PAD ဆိုတဲ့ နေရာကို တစ်ချက်နှိပ် လိုက်ပါ။
ခုနက ကိုယ်သိမ်းဆဲထားတဲ့ Zip ဖိုင်ထဲက CWM-Touch-6.0.5.0-NG4-ms013g ကို ရွေးပေးပါ။

အထူးသတိထားရန်
Auto Reboot & F. Reset Time နှစ်ခုကို အမှတ်ခြစ် ထားပေးပါ။

ပြီးတော့မှ Start ဆိုတာကို ထပ်နှိပ်ပေးလိုက်ပါ။

(မလုပ်တတ်သေးရင် အောက်ကပုံလေးအတိုင်း ကြည့်လုပ်လိုက်ပါ)

၉။ Start နှိပ်ပြီးလို့ အလုပ် လုပ်နေ တုန်း ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက် ထားတဲ့ USB ကြိုးကို လုံးဝ မဖြုတ်
မိပါစေ။

၁၀။ မိနစ် အနည်းလောက် ကြာပြီးလို့ Pass လို့ စာတန်း အစိမ်းရောင်လေးနဲ့ ပြပြီး Complete လို့ ပြပြီး ဖုန်း
က သူ့အလိုလို Restart ကျ သွားပါလိမ့်မယ်။

ပြန်တက်လာတဲ့ အခါမှာတော့ မိမိဖုန်း Grand 2 ဟာ Root Access ရရှိ သွားပါ။ USB ကြိုးကိုဖြုတ်လိုက်ပါ။

၁၁။ Root checker Apk ကို install လုပ်ပြီး Root Access ရှိ မရှိ Verified ကိုနှိပ်ပါ။ Congratulation လို့
ပေါ်နေရင် မိမိဖုန်း Root ဖောက်တာ အောင်မြင်သွားပါပြီ။

၁၂။ FrozenKeyboard နဲ့ MM Aio Font Changer ကို install လုပ်ပါ။
(install လုပ်ရန်အတွက် setting / security / unknown source အကွက်လေးကို အမှန်ခြစ်ပေးပါ)

၁၃။ Font Style ပါပြီးသား ဖုန်းတွေမှာ ဆို Setting - Display - Font Style ကို အသုံးပြု လိုသော Font ကို
အမှတ်ခြစ် လုပ်လိုက်ရင် ရပါပြီ။ (ဥပမာ-Zawyione apk လိုပေါ့)

၁၃။ MM Aio Font Changerကို အသုံးပြုလိုက ဆော့ဝဲကို တစ်ချက်ထောက်ဖွင့်ပါ Android Version 4.3
အထက်ဆိုတာကို install လုပ်ပါပြီ Restart ကျပြီးလို့ ပြန်တက်လာရင် Samsung Galaxy Grand 2 SM-
G7102 ( 4.4.2 ) ဖုန်းအားလုံးမှာ မြန်မာဖောင့် ရပါပြီ။

အဆင်ပြေပါစေ
 
 
 
Dနေမင်း(နည်းပညာ)

ဇူးနစ်(နည်းပညာ)
www.zunite.org

No comments:

Post a Comment