





(ဓာတ်ပုံ – အေးမြမြမျိုး)
ပဲခူးမြို့မှာ ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့အကြို အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောဆို ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမယ့် ရွှေမော်ဓော အနောက်ဘက်မုဒ် ဗုဒ္ဓအသံ ဓမ္မဗိမ္မာန်နောက်ကျော ကွင်းမှာ ပြည်သူလူထု ရာပေါင်းများစွာက တိုင်းရင်းသား ရိုးရာအကတွေနဲ့ ဖျော်ဖြေကြပါတယ်။
ဒီနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာ ပြည့်မှာ ဖြစ်တဲ့အတွက် နိုင်ငံအနှံ့ မြို့ကြီး၊ မြို့ငယ်တွေမှာ ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို လွန်ခဲ့တဲ့ရက်သတ္တပတ်တွေကတည်းက အရှိန်မြှင့် ပြုလုပ်နေကြတာဖြစ်ပါတယ်။
Dနေမင်း(နည်းပညာ)
No comments:
Post a Comment