Friday, January 30, 2015
တကယ့် ဘဝထဲ တိုးဝင် လာတဲ့ ဖေ့စ်ဘွတ်ခ် ပြသနာများ
Bookmark and Share [ ]
တကယ်တမ်းတွင် ပြဿနာ ကဘာမျှ ကြီးကြီး ကျယ်ကျယ် မဟုတ်။ အေမီချိုက ၎င်း၏ ခင်ပွန်း
ကလေး ပုခက်လွှဲပြီး ဟင်းချက်နေသည့် ဓာတ်ပုံ တစ်ပုံကို သူငယ်ချင်း များကို ပြချင်သည့်စိတ်၊
အိမ် အလုပ်များ ကူလုပ်ပေးသည့် ခင်ပွန်းဖြစ်သူကို ကြွားဝါ ချင်စိတ်ဖြင့်သာ ဖေ့စ်ဘွတ်ခ် အင်
တာနက် စာမျက်နှာပေါ် တင်လိုက်ခြင်းဖြစ်ပါသည်။
သို့သော် အေမီချို မေ့လျော့နေသည့် အချက်ကား ၎င်း၏ များပြားလှ စွာသော ဖေ့စ်ဘွတ်ခ်သူ
ငယ်ချင်းများ ထဲတွင် ၎င်း၏ ယောက္ခမကြီးလည်း ပါဝင်နေသည် ဆိုသည့် အချက်ဖြစ်သည်။
ပြဿနာကား အေမီချို တင်ထားသော ဓာတ်ပုံအောက်မှာ ယောက္ခမကြီးက အောက်ပါအတိုင်း
ကွန်မန့် (ခေါ်) မှတ်ချက် တစ်ခုရေးရာမှ စတင်တော့သည်။
‘ယောက်ျားကို အိမ်အလုပ်တွေ မတရားခိုင်းတာ အမျိုးကောင်း သမီး မဟုတ်ဘူး’
ထိုမှတ်ချက်ကို ဖတ်လိုက် ရသော အခါ အေမီချို သွေးဆူသွားသည်။ အေမီချို့ထက် ပို သွေးဆူ သည်ကား အေမီချို၏ ဖေ့စ်ဘွတ်ခ် သူငယ်ချင်းထဲမှာ ရှိနေသည့် မိခင်ဖြစ်ပါသည်။
၎င်းက ဖေ့စ်ဘွတ်ခ်ဓာတ်ပုံအောက်က အေမီချို၏ယောက္ခမမှတ်ချက်ကိုမြင်နေရသည်။ ခမည်း
ခမက်တော်သူက သမီးကို အမျိုးကောင်း သမီးမဟုတ်ဟု ဆိုသော စကားက သူ့ကိုပါ တိုက်ရိုက်
သက်ရောက်နေသည် မဟုတ်ပါလား။ ဖေ့စ်ဘွတ်ခ်ပေါ်တွင် ခမည်း ခမက်များ အပြန် အလှန်စ
ကားစစ်ပွဲနွှဲကြ၏။ သူ့ဘက်ကိုယ့်ဘက် အမျိုးများ၊ မိတ်ဆွေများက လိုက်ခ်(like) များနှိပ်ကာ အား
ပေးကြ၏။ ကွန်မန့် မှတ်ချက်ပေါင်း ၂၀ကျော် အပြန်အလှန်ရေး အပြီးမှာတော့ တစ်ယောက်ကို
တစ်ယောက် အပြန်အလှန် ဘလော့ဂ်ပြီး ပွဲသိမ်းလိုက်ကြ၏။ အပြင်မှာလည်း တစ်ယောက်နှင့်
တစ်ယောက် စကားမပြောကြတော့။
အေမီချိုတို့ သားအမိသာ မဟုတ်၊ မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ် ပေါ်လာပြီး ကတည်းက သတင်း၊
ဖျော်ဖြေရေး၊ လူမှုရေး၊ ပညာရေးများ အတွက် အကျိုးရှိ စွာ အသုံးချနေ ကြသူများ ရှိသလို အပြင်
မှာဘာမှမဖြစ်ဘဲ ဖေ့စ်ဘွတ်ခ် ပေါ်လာခါမှ အငြင်းပွား ပြဿနာများ တက်ကာ မခေါ်နိုင်မပြောနိုင်
သူများ အများကြီး ရှိလာပါသည်။ ထို့အတူ နေ့စဉ်ဘဝ မှာဖေ့စ်ဘွတ်ခ် အတွက် အတော် များများ အချိန်ပေးလာသူတွေလည်း အများအပြားတိုးလာနေပါသည်။
၂၀၁၅ ဇန်နဝါရီ ၂၇ ရက်က ဖေ့စ်ဘွတ်ခ် အင်တာနက် စာမျက် နှာ တစ်နာရီလောက် ပြတ်တောက်
သွားခဲ့ရာတွင် မြန်မာနိုင်ငံမှ သုံးစွဲသူများ အပါအ၀င် နိုင်ငံအများ အပြားက ဖေ့စ်ဘွတ်ခ်ပရိသတ်
များ ပွက်လောရိုက် ဆူညံသွား ခဲ့သည်။
သည်အရာက သိပ်တော့ထူး ဆန်းသည့် အချက်မဟုတ်။ Forbes မဂ္ဂဇင်း၏ ပြောကြားချက် အရ
ဖေ့စ်ဘွတ်ခ်သည် ကမ္ဘာပေါ်မှ လူများ အတွက် အကြီးဆုံး လူမှုရေး ကွန်ရက် အင်တာနက် စာ
မျက်နှာ တစ်ခုဖြစ်လာပြီဟု ဆိုပါသည်။ သို့သော် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်က အခြားနိုင်ငံ များ
နှင့် ယှဉ်ပါက ကမ္ဘာပေါ်တွင် ဖေ့စ်ဘွတ်ခ် အင်တာနက် စာမျက်နှာ သုံးစွဲသူ အနည်းဆုံးနိုင်ငံများ
၌ ရှိနေပါသေးသည်။
လက်ရှိပြုစု ထားသည့် စာရင်းများ အရ မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ် သုံးစွဲသည့် အရေ အတွက်
မှာ လေး သန်းနီးပါး ရှိနေပြီဖြစ်သည်။
ဖေ့စ်ဘွတ်ခ်၏ တရားဝင် ထုတ်ပြန်ချက်များ အရ တစ်ကမ္ဘာ လုံးတွင် အသုံးပြုသူ လူပေါင်း သန်း
တစ်ထောင့်နှစ်ရာ အထိပင် ရှိသည်ဟု ဆိုပါသည်။ ဖေ့စ်ဘွတ်ခ်ကို အရွယ်စုံ၊ လူမျိုးစုံ အသုံးပြု
လာကြပြီး သုံးသူများ ထဲမှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်တွင်နေသည့် အသက်
(၁၀၇)နှစ်ရှိနေသည့် အဘွားတစ်ဦးပင်ပါဝင်သည်။ ကမ္ဘာမှာ အသက်အကြီးဆုံးဖေ့စ်ဘွတ်ခ်သုံး
စွဲသူဟုပြောကြသည့် အဆိုပါအဘွား၏အမည်မှာ အက်ဒီသီကီရာမိုင်ရာ (EdytheKirchmaier)
ဖြစ်ပြီး ၎င်းက ချီကာဂို တက္ကသိုလ်မှ ကျောင်းသူဟောင်း တစ်ဦးဖြစ်ပါသည်။
အသက်ကြီးသူ ဆိုသော်လည်း ခေသူတော့ မဟုတ်။
၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာ ၌ သူတင် သမျှကို ပုံမှန် လာဖတ် သူပေါင်း ငါးသောင်းကျော်ရှိ
သည်ဟုသိရ၏။ ထိုကဲ့သို့ ဖေ့စ်ဘွတ်ခ် သုံးစွဲသူတွေက လူကြီးကနေ ကလေး အထိ အရွယ် စုံ
ကဲ့သို့ ဖြစ်လာသောပြဿနာ များကလည်း နေရာမျိုးစုံ၊ ပုံစံမျိုးစုံ ဒုနှင့်ဒေးဖြစ်လာပါသည်။
ရန်ကုန် ကအေမီချိုတို့လို မိသားစုပြဿနာတင်မက နိုင်ငံရေး၊ စီးပွားရေး ပြဿနာများအထိ
ပင် ပါဝင်ပါသည်။
ထိုအထဲတွင် မြောက်ပိုင်း အင်္ဂလန်မှ အသက် (၁၄)နှစ် အရွယ်ကျောင်းသားလေးဂျော်ဒန် ဖို့ဒ်
ဆိုသူမှာ ဖေ့စ်ဘွတ်ခ်ကြောင့် အထက်တန်းကျောင်းကနေပါ ထွက်ခဲ့ရသည်အထိ ပြဿနာ
တို့ ကျောင်းက ဆံပင်အနီကို အခြားသာမန်အရောင်ပြောင်းခိုင်း၏။
ဂျော်ဒန်က မကျေနပ်ပါ။ တစ်နေ့တွင် ဖေ့စ်ဘွတ်ခ် ပေါ်၌ ၎င်းတို့ ကျောင်းအုပ် ဆရာမကြီး၏
ဓာတ်ပုံကို သွားတွေ့၏။ ဆရာမကြီးက ဆံပင်ကို ခရမ်းရောင် ဆိုးထားသည်။ ဆရာမကြီးက
ဖေ့စ်ဘွတ်ခ်မှာ အဟန့်အတားများနှင့် ကိုယ့်ပုံများကို မဆိုင်သူများ မမြင်အောင်လုပ်ရသည့်
သဘောကိုနားမလည်။ ထို့ကြောင့် ၎င်း၏ပုံကို ဂျော်ဒန်ကအလွယ်တကူ ကူးယူသွား၏။
ထို့နောက် ဆရာမကြီးပုံ အောက်မှာ ဂျော်ဒန်က ပုံစံမျိုးစုံ ဖြင့် ဆရာမကြီး၏ဆံပင်အရောင်၊
ကိုယ်ခန္ဓာနှင့် အခြား ရုပ်ပိုင်းဆိုင် ရာများကို လှောင်စာ၊ ပြောင်စာ တွေ မျိုးစုံအောင်ရေးပြီး
ဖေ့စ် ဘွတ်ခ်၌ပြန်တင်သည်။ အခြား ကျောင်းသားများကပါ ဝင်ရေး ကြ၊ ဝင်ဟားကြ၏။
ဆရာမကြီး လည်း အရှက်ကြီးစွာ ရခဲ့၏။ ထို အချက်ကြောင့် ၎င်းကိုကျောင်းကထုတ်ပယ်ခဲ့
တာဖြစ်ပါသည်။
ဂျော်ဒန်၏ဖခင်က ယင်းအဖြစ်အပျက်ကို အင်္ဂလန်တယ် လီဂရပ်ဖ်သတင်းစာကိုပြောကြား
ရာတွင်သူ၏သားမှာ လူပြောင်ဖြစ်ပြီးဆရာမကြီးကို စနောက်ခြင်းသာဖြစ်ပါသည်ဟုဆိုပါ
သည်။
သို့ရာတွင် ကျောင်းအုပ်ချုပ် ရေးအဖွဲ့က ဂျော်ဒန်၏ အပြု အမူ ဆောင်ရွက် ချက်များသည်
လူမှု ရေး ဆိုရှယ် မီဒီယာ စည်းကမ်းများ ကိုဖောက်ဖျက်နေသည်ဟု ဆိုပါ သည်။
‘‘ဂျော်ဒန်နဲ့ မိဘတွေက ကျောင်းသားတွေ အနေနဲ့ ဆိုရှယ် မီဒီယာကို ဘယ်လို သုံးရမလဲဆို
တာ ကျောင်းအပ် ကတည်းက လက်မှတ် ထိုးပြီးသားပါ။ ကိုယ့် အချိန်ကို ကိုယ်သုံးပြီးလုပ်
တယ် ဆိုပေမယ့် တခြား သူတွေရဲ့ ကိုယ် ပိုင် စာမျက်နှာကို ကျူးကျော် ဓာတ်ပုံ ကူးချပြီး အဲ
ဒီလို လုပ်တာကို လက်မခံနိုင်ပါဘူး’’ဟု ကျောင်း အုပ်ချုပ်ရေး အဖွဲ့ကဝေဖန်သည်။
ယင်း အဖြစ် အပျက်မှာ ဖေ့စ် ဘွတ်ခ်ကြောင့်ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။ ဖေ့စ်ဘွတ်ခ် မရှိမီက ဂျော်
ဒန် ကဲ့သို့ ကျောင်းသား ကလေး တွေက ကျောင်းဆင်းလျှင် အိမ်သို့ပြန် ကြသည်။ သူငယ်ချင်း
များနှင့်တွေ့ကြသည်။ ဆရာများနှင့်ပြော ဆို ဆက်ဆံပြီး ၎င်းတို့၏ လူမှုပြဿနာများကို အချင်း
ချင်းဖွင့်ဟဆွေးနွေးကြသည့် သဘောရှိ သည်။
ယခုအခါမူ အားလုံးက အချင်းချင်း စကားမပြောအား။ လူကိုယ်တိုင် မတွေ့အားကြ။ အားလုံး
ဖေ့စ်ဘွတ်ခ်ပေါ်မှာတွေ့ သည်။ အသိပေးသည်။ စာရင်း ရှင်းကြသည်။ ရန်ဖြစ်ကြသည်။ ရန်
ကုန်က အေမီချို တို့လို မိသားစု ဝင် အချင်းချင်း ကိုယ်ရေး ကိုယ်တာ ကိစ္စ များကိုလည်း ဖေ့စ်
ဘွတ်ခ်ပေါ်မှာ လူသိရှင်ကြား ရှင်းလင်းကြ တာများလည်းရှိသည်။
သည် အရာတွေက ဖေ့စ် ဘွတ်ခ်၏ ကောင်းကျိုးလား၊ ဆိုး ကျိုးလား ယခုအချိန်မှာတော့ အေ
မီချိုတစ်ယောက် မစဉ်းစား အားနိုင်သေး။ အချိန်ရတုန်း သူ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဘလော့စရာ
ရှိသူတွေကို ဘလော့ရဦးမည်ဖြစ် ပါသည်။
‘ယောက္ခမက ဖေ့စ်ဘွတ်ခ် ပေါ်မှာ အမေနဲ့ ရန်ဖြစ်ကြတော့ ကျွန်မကို ဘလော့ဂ်သွားတယ် လေ။
ဘယ်ရမလဲ နေဦး ကျွန်မကလည်း ဖေ့စ်ဘွတ်ခ်ပေါ်က သူတို့ အမျိုးတွေ ကိုပါ ပြန်ဘလော့ဂ်ပြီး ရီ
ပို့ပါလုပ်ပေးလိုက်ဦးမယ်’
By : ထားထားမြင့်
No comments:
Post a Comment