Saturday, January 24, 2015

Samsung Galaxy Phone/Tablet တွေကို လွယ်လွယ်ကူကူ Root လုပ်နည်း (ကွန်ပျူ တာမလို)



 မင်္ဂလာပါ
FB မှ ညီအကိုတစ်ယောက်တောင်းဆိုလာတာနဲ့
ဒီပိုစ့်ကိုလေးကို တင်ဖြစ်သွားတာပါ၊ အရင်လည်း
ကျနော် တင်ပေးဖူးတယ်ထင်ပါတယ်၊

နေ့စဉ်ဘ၀ထဲ တိုးဝင်လာတဲ့ အကြီးအကျယ်ပြသနာ
တစ်ခုက ရှိကောင်းရှိနေပါလိမ့်မယ် အဲဒါကတော့
Android & Myanmar Or iOS & Myanmar ဖောင့်
ပြသနာပါ၊ ဒီနေရာမှာ ကျနော် ပြောလိုတာက
Android & Myanmar ဖောင့်ပြသနာလေးကိုပါ

အမြဲတစေလေ့လာလိုက်စားနေတဲ့သူ၊ ဖုန်းကိုအမြဲတမ်း
စူးစမ်းကလစ် စမ်းသူကူညီပေးနေသူ၊ Service သမားများ
ဆိုင်သမားများ အနေဖြင့် Android အားလုံးကို အလွယ်တကူ Root လုပ်ယူနိုင်ကောင်း

ယူနိုင်ကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့အားသာချက်က ကွန်ပျူ တာပါ
အချို့ သောဖုန်းတွေအတွက် ကွန်ပျူ တာမလိုပဲ Root Apk လေးတွေနဲ့
အဆင်ပြေတာတွေရှိပါတယ်၊ နည်းပညာညီအကိုများလည်း
သူတိုနားလည်သလိုရှင်းပြ တစ်ဆင့်မျှဝေပေးကြလေ့ရှိကြပါတယ်။

ဒီနေရာမှာ အထူးသဖြင့် နည်းလမ်းကိုသိ၍
ကွန်ပျူ တာ အဆင်မပြေကြတဲ့ ဘော်ဒါများ အနေဖြင့်
ဖုန်းမှာ တစ်ချက်ကလေးနှိပ်လိုက်ရုံနဲ့ Root Access ရရှိနိုင်မယ့်
Apk လေးတွေကို တောင်းတကြပါတယ်။ မှန်ပါတယ် ကျနော်
ကိုယ်ချင်းလည်းစာပါတယ် အားလုံးသော သူတွေကို
အဆင်ပြေစေချင်တာက ကျနော့်ရဲ့ ရင်ထဲကဆန္ဒပါ...။

ကဲဗျာ Android & Myanmar ဖောင့်အခက်အခဲဖြစ်နေကြတဲ့
ဘော်ဒါတွေအတွက် ကွန်ပျူ တာမလိုပဲ ဖုန်းမှာတင်
တစ်ချက်ကလစ်လိုက်ရုံနဲ့ Samsung Galaxy Phone/Tablet
 တော်တော်များများကို Root Access ရရှိနိုင်မယ့် Apk လေးကို
အားလုံးအတွက် ရှာဖွေ တင်ပေးလိုက်ပါတယ်
 တော်တော်များများ သိပြီးသားဖြစ်ကြမှာပါ။

အခုမှ Samsung galaxy Phone/Tablet တွေ စသုံးတဲ့ ဘော်ဒါတွေ Root ဖောက်ဖို့ တိုင်ပတ်နေတဲ့ဘော်ဒါတွေအတွက်
Computer မလိုဘဲ အလွယ်တစ်ကူ Root ဖောက်လို့ ရပါတယ်
ကျွန်တော် Samsung Tablet/Phone တော်တော်များများစမ်းပြီသွားပါပြီ
 အာလုံးအဆင်ပြေပါတယ်... အရင်ဆုံး Root မလုပ်ခင်မိမိဖုန်းကို
 အင်တာနတ်ချိတ်ပေးထားရပါမယ်...

Root Apk ဖိုင်ကိုဒေါင်းရန်

OR

Root Apk ဖိုင်ကိုဒေါင်းရန်

OR

Root Apk ဖိုင်ကိုဒေါင်းရန်

Apk ဖိုင်လ်ကို ဖုန်းထဲကို အင်စတောသွင်းပေးလိုက်ပါ
 ပြီးရင် ဖွင့်ပေးလိုက်ပါ....

ဒီပုံအတိုင်တက်လာပါမယ် ဒါဆို Root device နေရာမှာနှိပ်ပေးလိုက်ပါ
ဒါပုံတက်လာပြီဆိုရင် Grant  နေရာမှာနှိပ်ပါ
 SuperSU app လေးတက်လာပါမယ် ဒါဆို SuperSU app ကိုဖွင့်ပေးလိုက်ပါ
 ဒီပုံအတိုင်တက်လာပါမယ် ဒါဆို Continue မှာရွေးပေးလိုက်ပါ
 ဒါဆို root ဖောက်လို့ အောင်မြင်ပါပြီ...

  မိမိဖုန်းက Root Access သာရရှိထားပြီးသားဆိုရင်တော့
ကီးဘုတ်နဲ့ဖောင့်အတွက်က စိတ်ကြို က်ထည့်ယူလို့ရပါပြီ။
မြန်မာဖောင့်နဲ့ ကီးဘုတ်များထည့်နည်းကို အောက်ကလင့်မှာလေ့လာပါ

မြန်မာဖောင့်နဲ့ ကီးဘုတ်ထည့်နည်းများ

Ref & Credit  SmartGhost
 (ထိုင်းရောက် IT လူငယ်များအဖွဲ့)
  
အဆင်ပြေပါစေ 
 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေ ယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ခဲ့ပေးပါ
Dနေမင်း(နည်းပညာ)

No comments:

Post a Comment