Thursday, February 12, 2015

ရန်ကုန်ဘူတာကြီးနှင့် ဗိုလ်ချုပ်ဈေး၌ အင်တာနက် အခမဲ့အသုံးပြုနိုင်


ဖေဖော်ဝါရီလ ၉ ရက်မှစတင်၍ ရန်ကုန်ဘူတာကြီးနှင့် ဗိုလ်ချုပ်ဈေးတို့၌ အင်တာနက်ကို အခမဲ့ စတင်အသုံးပြုနိုင်ပြီဟု Red Link ကုမ္ပဏီက ကြေညာခဲ့သည်။
Wifi Free Zone အဖြစ် Red Link ကုမ္ပဏီက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့၌ တည်နေရာ စုစုပေါင်း ၆ ခုတွင် အခမဲ့အင်တာနက်စနစ်ကို အသုံးပြုနိုင်ပြီဟု သိရသည်။
ရွှေတိဂုံစေတီ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊ ကန်တော်ကြီး အစရှိသည့် နေရာများ၌ အခမဲ့အင်တာနက်စနစ်ကို ပေးအပ်ခဲ့ပြီးဖြစ်ပြီး ယခုအခါ ရန်ကုန် ဘူတာကြီးနှင့် ဗိုလ်ချုပ်ဈေးတို့၌ ထပ်မံပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် မန္တလေးမြို့၌ မဟာမြတ်မုနိ၊ ဆေးတက္ကသိုလ် ၁ စသည့်နေရာများတွင် အခမဲ့အင်တာနက်စနစ်ကို အသုံးပြုနိုင်ပြီး ပုဂံမြို့၌ အာနန္ဒာဘုရား၊ သဗ္ဗေ္ဗညုဘုရား၊ ရွှေစည်းခုံဘုရားနှင့် ပုဂံလေဆိပ်တို့တွင်လည်း အသုံးပြုနိုင်သည်ဟု သိရသည်။
Red Link ကုမ္ပဏီသည် ၂၀၀၈ ခုနှစ်မှစတင်၍ အင်တာနက် ဝန်ဆောင်မှုများကို ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ၌ ရန်ကုန်၊ မန္တလေးနှင့် ပုဂံမြို့များ၌ Wimax အင်တာနက် လိုင်းများကို ရောင်းချပေးနေသည်ဟု သိရသည်။
http://internetjournal.media/new/1575

No comments:

Post a Comment