Sunday, April 12, 2015

အသစ်သွင်သစ်နဲ့ သိပ်လန်းချင်တယ်ဆိုတဲ့ သူများအတွက် Offical MIUI ROM တင်နည်း For Redmi 1S, Mi4, Mi3, Note, Pad အပြည့်အစုံ


မင်္ဂလာပါ
 အသွင်သစ်နဲ့ သိပ်လန်းချင်တယ်ဆိုတဲ့ ညီအကိုများအတွက်
 Official MIUI ROM တင်နည်းကိုတင်ပေးလိုက်ပါတယ်။

 MIUI ROM တင်နည်းကို နည်းလမ်း ပေါင်းမျိုးစုံဖြင့် ရှင်းလင်းပြထားပါတယ်။
အဆင်ပြေတဲ့နည်းနဲ့ ROM Flash တစ်ခုကို အလွယ်တင်ယူနိုင်ပါတယ်။

Updater app ကိုအသုံးပြု ပြီး MIUI ROM တင်နည်း
 ========================
ဒီနည်းလမ်းကတော့ Xiaomi ဖုန်း/Tablet တွေမှာ Built-in အနေဖြင့်ပါလာတဲ့
 app ဖြစ်တဲ့ Updater app ကနေတစ်ဆင့် ROM Flash တင်နည်းဖြစ်ပါတယ်။

၁။ ပထမဆုံး သင့်ရဲ့ Xiaomi ဖုန်း/Tablet နဲ့ကိုက်ညီမယ့် Official ရဲ့
 နောက်ဆုံးထွက် MIUI ROM များကို အောက်ကလင့်မှာ အရင်ရယူလိုက်ပါ။

MIUI ROM Official  

၂။ မိမိဖုန်းနဲ့ ကိုက်ညီတဲ့ ROM ကိုတွေပြီးလို့ တစ်ချက်နှိပ်လိုက်ပါ
တိုက်ရိုက်ဒေါင်းလော့ရယူမယ့် လင့်ကိုရောက်လာပါလိမ့်မယ်။
အောက်ကပုံလေးကို ကြည့်ပါ Download Full Rom & Flashing Guide
ဆိုပြီး မြင်နေရပါလိမ့်မယ်။

ဒေါင်းလော့ရယူမယ့် လင့်ကို ရောက်တဲ့အခါ
 ROM ကိုဒေါင်းလော့ရယူချင်ရင်တော့ Download full Rom ဆိုတာကိုနှိပ်ပါ။
Flashing Guide သည် Flashing Rom ကို တင်ဖိုရန် လမ်းညွှန်ဖြစ်ပါသည်။

  ၂။ ဒေါင်းလော့ရလာတဲ့ ROM zip file ကို ဖုန်း/Tablet ရဲ့
SD Card ထဲသို့ထည့်ထားပါ။
၃။ ဖုန်း Tablet များမှာပါ ပါလာတဲ့ Updater app ကိုဖွင့်ပါ။
 ၄။ ပြီးရင် ဖုန်းရဲ့ Menu Button ကိုနှိပ်ပါ။
Select installation pack ဆိုတာကိုနှိပ်ပါ။
၅။ Select installation pack ဆိုတာကို နှိပ်ပြီးတာနဲ့ စောနားက ဖုန်းရဲ့
SD Card ထဲမှာထည့်ထားခဲ့တဲ့ ROM file ကိုရွေးပေးလိုက်ပါ။
 ၆။ ပြီးရင် Update Now ဆိုတာကိုနှိပ်ကိုနှိပ်လိုက်ပါ။
၇။ Update ဆိုတာကိုနှိပ်လိုက်ပြီးရင်တော့ Reboot Now သို့မဟုတ်
 Reboot to New version ကိုနှိပ်ပေးလိုက်ပါ။
 ဖုန်းပြန်တက်လာတဲ့အခါမှာတော့ သင့် Xiaomi ဖုန်းလေဟာ
Features အသစ်နဲ့ နောက်ဆုံးဗားရှင်းလေးကို အောင်မြင်စွာနဲ့
ပိုင်ဆိုင်နိုင်ပါပြီ။

တကယ်လို့သင့်ဖုန်းမှာ Update App ပါမလာခဲ့ဖူးဆိုရင်တော့
အောက်ကလင့်မှာ အလွယ်တကူဒေါင်းလော့ရယူနိုင်ပါတယ်
ပြီးရင် ဖုန်းမှာ အင်စတောလုပ်လိုက်ပါ။

 MIUI ROM များ အလွယ်တကူ တင်ပေးနိုင်တဲ့ Updater App Beta 26 apk

Recovery Mode ကိုအသုံးပြု ပြီး Flash MIUI ROM  တင်နည်း
=======================  
ဒီတစ်ခါ Recovery Mode ကိုအသုံးပြု ပြီး Flash MIUI ROM
တင်နည်းကိုလော့လာကြည့်ရအောင်ပါ။ 
၁။ ပထမဆုံး သင့်ရဲ့ Xiaomi ဖုန်း/Tablet နဲ့ကိုက်ညီမယ့် Official ရဲ့
 နောက်ဆုံးထွက် MIUI ROM များကို အောက်ကလင့်မှာ အရင်ရယူလိုက်ပါ။

MIUI ROM Official  

၂။ မိမိဖုန်းနဲ့ ကိုက်ညီတဲ့ ROM ကိုတွေပြီးလို့ တစ်ချက်နှိပ်လိုက်ပါ
တိုက်ရိုက်ဒေါင်းလော့ရယူမယ့် လင့်ကိုရောက်လာပါလိမ့်မယ်။
အောက်ကပုံလေးကို ကြည့်ပါ Download Full Rom & Flashing Guide
ဆိုပြီး မြင်နေရပါလိမ့်မယ်။

ဒေါင်းလော့ရယူမယ့် လင့်ကို ရောက်တဲ့အခါ
 ROM ကိုဒေါင်းလော့ရယူချင်ရင်တော့ Download full Rom ဆိုတာကိုနှိပ်ပါ။
Flashing Guide သည် Flashing Rom ကို တင်ဖိုရန် လမ်းညွှန်ဖြစ်ပါသည်။
 ၃။ ဒေါင်းလော့ရလာတဲ့ ROM Zip ဖိုင်ကို
  Xiaomi ဖုန်း/Tablet ရဲ့ SD Card ထဲသို့ကူးထည့်ထည့်လိုက်ပါ။


၎။ Xiaomi ဖုန်း/Tablet မှာပါလာတဲ့ Updater app ကိုဖွင့်ပါ။
 ပြီးရင် Menu Button ကိုနှိပ်ပါ။ Reboot to recovery mode ကိုရွေးပါ ။  

၅။ Reboot ကျပြီး Recovery Mode ထဲသို့ရောက်သွားပါမယ်။
 တကယ်လို့ Updater App ကို အသုံးမပြု ပဲ ရိုးရိုး သွားနေကျအတိုင်း
Recovery Mode ၀င်ချင်တယ်ဆိုရင်တော့ ဖုန်းကို ပါဝါပိတ်လိုက်ပါ။


Volume+ key and the Power button တစ်ပြိုင်တည်းတွဲနှိပ်ပါ။
 Recovery Screen ပေါ်လာသည့် အချန်အထိတွဲနှိပ်ထားပေးပါ။
၆။ အောက်ပုံအတိုင်း ဖုန်းက Recovery Mode ကိုရောက်ပြီးသွားတဲ့အခါ
English ဆိုတာကို ရွေးပေးပါ အနီရောင်လေးနဲ့ဝိုင်းပြထားပါတယ်။
အပေါ်အောက်ကို သွားဖို့ရန်အတွက်  Volume Key များကိုနှိပ်ပါ။
 ရွေးချယ်ဖို့ရန်အတွက်တော့ Power Button ကိုနှိပ်ပါ။
 ၇။ English ကိုရွေးပြီးလို့ အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့
“Install Update Zip” option ဆိုတာကိုရွေးပေးလိုက်ပါ။
၈။ ဖုန်းမှာ Update process ကိစ္စပြီးသွားရင်တော့၊ Recovery main menu ကို
ပြန်သွားပြီး ထွက်လိုက်ဖို့ရန်အတွက် Reboot to system one ဆိုတာကို
နှိပ်ပေးလိုက်ပြီး ထွက်နိုင်ပါတယ်။

  Recovery Mode ကိုအသုံးပြု ပြီး Flash MIUI ROM  တင်နည်း
အောင်မြင်ပြီးစီးပါပြီ။

ADB Download.bat ကိုအသုံးပြု ပြီး MIUI ROM တင်နည်း
===================================
ဒီတစ်ခါတော့ ADB Download.bat ဖိုင်ကိုအသုံးပြု ပြီး
MIUI ROM တင်နည်းကို လေ့လာကြည့်ရအောင်ပါ

ဒီနေရာမှာ ကျနော် ပြောစရာတစ်ခုရှိပါတယ်။ adb download.bat ကို
မိမိကွန်ပျူ တာမှာ အင်စတောလုပ်ပြီးသားဖြစ်နေရပါမယ်။
တကယ်လို့ adb download.bat ဖိုင်ကိုသာ အင်စတောလုပ်ထားပြီးသား
ရှိမနေခဲ့ဘူးဆိုရင်တော့ ဒီနည်းလမ်းအတိုင်း Miui Rom ကို install
လုပ်ယူနိုင်မှာ မဟုတ်ပါဘူး။ 

အခုတော့ ကျနော် ကွန်ပျူ တာမှာ
 Android ADB & Fastboot Drivers Setup Guide
ကို မပြောပြသေးပါ နောက်ပိုင်း သူ့ကို အခန်းကဏ္ဍတစ်ခုအနေဖြင့်
 တင်ပေးသွားဖို့ ရှိပါတယ်။

၁။ ပထမဆုံး ADB Command bat ဖိုင်ကို အောက်ကလင့်မှာ 
ဒေါင်းလော့ရယူလိုက်ပါ။

Download Here 

OR

Download Here 

 ၁။ ADB Commonad ကို အသုံးပြု ပြီး Recovery ကို
ဝင်မှာဖြစ်လို့ ပထမဆုံး Settings > Applications > development 
> USB debugging ကို Enable ပေးရမှာဖြစ်ပါတယ်။
၂။ ဖုန်းနဲ့ ကွန်ပျူ တာကို ချိတ်ဆက်လိုက်ပြီးရင်
 Enable the USB debugging mode ပေးလိုက်ပါ
မလုပ်တတ်သေးရင်တော့ အောက်ကလင့်မှာဝင်ကြည့်ပေးပါ

 Root ဖောက်နည်းများကို စတင်လေ့လာတော့မယ်ဆိုရင် ပထမဆုံးသိထားရမယ့် USB debugging on & Off ဆိုတာ 

၃။ ဖုန်းနဲ့ကွန်ပျူ တာကို ချိတ်ဆက်လိုက်ပါ။
 ပြီးရင် ADB Command Folder ထဲကို ၀င်လိုက်ပါ။
ပြီးရင် ကီးဘုတ်မှာ “Shift + Right click” ကိုတွဲနှိပ်လိုက်ပါ။
(Shift ကိုအရင်နှိပ်ပြီးမှာ Right Click ကိုနှိပ်ပါ)
အောက်ပုံအတိုင်းပေါ်လာတဲ့အခါ Open command window here
ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ။
၎။ Open command windows here ကိုနှိပ်ပြီးလို့
ADB command box လေးအောက်ပါတိုင်းပွင့်ပါလိမ့်မယ်
မိမိဖုန်းနဲ့ ကွန်ပျူ တာ အသင့်ချိတ်ဆက်မိထားပြီးဆိုရင်တော့
ဖုန်းကို ကွန်ပျူ တာကနေ Command ပေးရန် အသင့်ဖြစ်နေပါပြီ။
adb devices လို့ရိုက်ထဲပြီး Enter ကိုခေါက်လိုက်ပါ။
အောက်ကပုံအတိုင်း ဖြစ်နေပါလိမ့်မယ်။ 
၅။အပေါ်က bootloader/fastboot mode ပုံအတိုင်း
ဖြစ်နေခဲ့ပြီးရင်တော့ adb reboot bootloader ဆိုပြီး
ရိုက်ထည့်လိုက်ပါပြီးရင် Enter ကီးကိုခေါက်လိုက်ပါ။
ဖုန်းက သူ့အလိုလို Reboot ကျသွားပါလိမ့်မယ်။
၆။ အပေါ်ကနည်းလမ်းကို အသုံးမပြု ချင်ဘူး ပုံမှန်အတိုင်းပဲ
Recovery Mode ၀င်ချင်တယ်ဆိုရင်တော့ ဖုန်းကို ပါဝါပိတ်လိုက်ပါ။


VOLUME UP+HOME+POWER ကိုတွဲနှိပ်ပေးထားလိုက်ပါ
 Recovery Screen ပေါ်လာသည့် အချန်အထိတွဲနှိပ်ထားပေးပါ။

 အောက်ပုံအတိုင်း ဖုန်းက Recovery Mode ကိုရောက်ပြီးသွားတဲ့အခါ
အောက်မှာ ပေးထားတဲ့ စာတွေကို တစ်ခုချင်းစီ နှိပ်သွားလိုက်ပါ။

 wipe data/factory reset>>>Yes>>delete all user data.
wipe cache partition>>>Yes-Wipe Cache


မလုပ်တတ်သေးရင် ပုံလေးတွေကို ကြည့်ပြီး
တစ်ဆင့်ချင်းလုပ်သွားလိုက်ပါ။
အပေါ် အောက်ကို သွားဖို့ရန်အတွက်  Volume Key များကိုနှိပ်ပါ။
 ရွေးချယ်ဖို့ရန်အတွက်တော့ HOME Button ကိုနှိပ်ပါ။

 ဖုန်းက Restart ကျ ပြီးလို့ ပြန်တက်လာတဲ့အခါမှာတော့
ADB Download.bat ကိုအသုံးပြု ပြီး MIUI ROM တင်နည်း
ကိစ္စ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။

 ဖုန်းရဲ့ SD Card မှာ အလွယ်တကူ MIUI ROM တင်နည်း
 ================================
ဒီတစ်ခါတော့ ကျနော် Android user တွေအတွက်
မိမိဖုန်းမှာတင် SD Card ထဲမှာ Miui Rom တစ်ခုကို
အလွယ်တကူ တင်ယူနည်းကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

၁။ မိမိဖုန်းအတွက် ကိုက်ညီမယ့် Miui Rom များကို 
အောက်ကလင့်မှာ ဒေါင်းလော့ရယူလိုက်ပါ။

Download Here

၂။ မိမိဖုန်းနဲ့ ကိုက်ညီတဲ့ ROM ကိုတွေပြီးလို့ တစ်ချက်နှိပ်လိုက်ပါ
တိုက်ရိုက်ဒေါင်းလော့ရယူမယ့် လင့်ကိုရောက်လာပါလိမ့်မယ်။
အောက်ကပုံလေးကို ကြည့်ပါ Download Full Rom & Flashing Guide
ဆိုပြီး မြင်နေရပါလိမ့်မယ်။

ဒေါင်းလော့ရယူမယ့် လင့်ကို ရောက်တဲ့အခါ
 ROM ကိုဒေါင်းလော့ရယူချင်ရင်တော့ Download full Rom ဆိုတာကိုနှိပ်ပါ။
Flashing Guide သည် Flashing Rom ကို တင်ဖိုရန် လမ်းညွှန်ဖြစ်ပါသည်။

 ၃။ ဒေါင်းလော့ရလာတဲ့ ROM Zip ဖိုင်ကို
  Xiaomi ဖုန်း/Tablet ရဲ့ SD Card ထဲသို့ကူးထည့်ထည့်လိုက်ပါ။


 ၄။ ဖန်းကို ပါဝါပိတ်လိုက်ပါ။ ပြီးရင်
VOLUME UP+HOME+POWER ကိုတွဲနှိပ်ပေးထားလိုက်ပါ
 Recovery Screen ပေါ်လာသည့် အချန်အထိတွဲနှိပ်ထားပေးပါ။

 အောက်ပုံအတိုင်း ဖုန်းက Recovery Mode ကိုရောက်ပြီးသွားတဲ့အခါ
အောက်မှာ ပေးထားတဲ့ စာတွေကို တစ်ခုချင်းစီ နှိပ်သွားလိုက်ပါ။

 install zip from sdcard.
choose zip from internal sdcard.
miui_miui_GalaxyS2_2.X.X_gdiqrbqkgr_4.0.zip
Yes-install miui XXXXX


မလုပ်တတ်သေးရင် ပုံလေးတွေကို ကြည့်ပြီး
တစ်ဆင့်ချင်းလုပ်သွားလိုက်ပါ။


 ၅။ အားလုံးပြီးရင်တော့ ပြန်ထွက်ဖို့ရန်အတွက်
“Back” ကီး နောက်ပြန်ဆုတ်တဲ့ ကီးကိုတစ်ချက်နှိပ်လိုက်ပါ
ပြီးရင် Reboot system now ဆိုတာကိုနှိပ်ပေးလိုက်ပါ။
ခနလေးစောင့်နေလိုက်ပါ။

Update process ကိစ္စပြီးလို့ ဖုန်းပြန်တက်လာတဲ့အခါ
ဖုန်းရဲ့ SD Card မှာ အလွယ်တကူ MIUI ROM တင်နည်း ကိစ္စ
အောင်မြင်စွာပြီးဆုံးသွားပါပြီ။

Features အသစ်နဲ့ သင့်အတွက် နောက်ဆုံးဆိုတဲ့ 
ဘယ်ဗားရှင်းကိုမဆို ပိုင်ဆိုင်နိုင်ပါပြီ။


Flash Mode ကိုအသုံးပြု ပြီး MIUI ROM တင်နည်း
===============================
ဒီတစ်ခါတော့ ကွန်ပျူ တာမှ Flash Mode ကိုအသုံးပြု ပြီး Miui Rom 
တစ်ခုကို အလွယ်တကူ တင်ယူနည်းကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

၁။ မိမိဖုန်းအတွက် ကိုက်ညီမယ့် MIUI ROM များကို
Official ဆိုက်မှာ စိတ်ကြို က်ရွေးဒေါင်းလော့ယူလိုက်ပါ

MIUI ROM FOR ALL ANDROVID VERSION HERE 

၂။ ကွန်ပျူ တာအတွက် လိုအပ်မယ့် Phone Driver ကိုအောက်ကလင့်မှာ
ဒေါင်းလော့ရယူလိုက်ပါ။ မိမိဖုန်းနဲ့ ကိုက်ညီမယ့် Driver ကိုသာ
ရွေးပြီး ရယူပါ။ ပြီးရင် ကွန်ပျူ တာမှာ အင်စတောလုပ်လိုက်ပါ။

Phone Drivers For All Android Here 

၃။ ဖုန်းကို ပါဝါပိတ်လိုက်ပါ။


 ၄။ ဖုန်းကို Download Mode ၀င်ပေးရမှာဖြစ်ပါတယ်။
Volume Down Key, Home Button and Power key ကိုတွဲနှိပ်ထားပါ
အနည်းဆုံး 5 to 8 မိနစ်လောက်တွဲနှိပ်ပေးလိုက်ပါ။
 
၅။ ကွန်ပျူ တာမှာ အင်စတောလုပ်ဖို့ Odin ဖုန်းဗားရှင်းအားလုံးကို
တစ်နေရာတည်းမှာ ဒေါင်းလော့ရယူလိုက်ပါ။

 ဖုန်းကလစ်သူနဲ့ Service သမားတွေအတွက် Odin ဗားရှင်းအားလုံးကို တစ်နေရာတည်းမှာ ရယူနိုင်ပါပြီ

၆။ ဒေါင်းလော့ရလာတဲ့ Odin ကို Run as administer ဖြင့်
ဖွင်လိုက်ပါ။  Auto Reboot ဆိုတဲ့ နေရာမှာ အမှန်ခြစ်ပေးထားပါ။

၇။ ဖုန်းနဲ့ ကွန်ပျူ တာကို ချိတ်ဆက်လိုက်ပါ။ ဖုန်းနဲ့ကွန်ပျူ တာချိတ်ဆက်
 လိုက်ပါ၊ ပြီးရင် PAD ဆိုတာကို နှိပ်လိုက်ပါ၊ စောနားကဒေါင်းလော့ရထားတဲ့
Rom tar.file ကိုရွေးပေးလိုက်ပါ။ 
(ဖုန်း Firmware အမျိုးအစားအလိုက် tar.file တွေ
ကွဲပြားနေပါလိမ့်မယ်)
ID: COM နေရာမှာ အပြာလေးပြထာနဲ့ Message ဆိုနေရာမှာ
စာတန်းအနည်းငယ်ပေါ်လာပါလိမ့်မယ်။ အောက်ကပုံကိုအသေအချာ
ကြည့်ပါ၊ အားလုံး အသင့်ဖြစ်ပြီဆိုရင်တော့ Start ဆိုတာကို နှိပ်ပေးလိုက်ပါ။ အောက်ကပုံကို အသေအချာကြည့်ပါ။

၈။ အောက်ပုံသည်ကား Firmware ရဲ့ အပေါ်မှာမူတည်ပြီး
tar.files များကို သူ့နေရာနဲ့သူ မှန်အောင် တစ်ခုချင်းစီ
ဂရုစိုက်ပြီး ထည့်ပေးရမည်ဖြစ်ပါသည်။ ကျန်တဲ့အပိုင်းကတော့
အပေါ်ကနည်းလမ်းအတိုင်းသာ ဖြစ်ပါသည်။

၉။ Update Process ကိစ္စပြီးလို့ ဖုန်းက Reboot တစ်ကြိမ်ကျ
သွားပါလိမ့်မယ်။ ဒီအတိုင်းထားလိုက်ပါ ဘာမှ လုပ်ပေးစရာမိုပါ
ဖုန်းပြန်တက်လာတဲ့အခါမှာတော့ Official ရဲ့ နောက်ဆုံးထွက်ဆိုတဲ့
ဗားရှင်းအသစ်နဲ့ Feature တွေကို သင်လုံးဝပိုင်ဆိုင်နိုင်ပါပြီ။

တကယ်လို့ ဖုန်း/Table တွေအတွက် Firmware ကို ဖုန်းကနေ
တိုက်ရိုက်တင်နည်း ကွန်ပျူ တာကနေ တင်နည်းများကို အောက်ကလင့်မှာ
အသေးစစ် လေ့လာနိုင်ပါတယ်။

Android ဖုန်း tablet အားလုံးမှာ ဖုန်း၊ tablet မှ တိုက်ရိုက် ဗားရှင်းမြှင့်တင်နည်းနဲ့ ကွန်ပျူ တာမှ တင်နည်းများအပြည့်အစုံ  


အားလုံးပဲ ဆအင်ပြောကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်
 နည်းပညာ ချစ်ပရိတ်သများအတွက် ကျနော် အကောင်းဆုံး
ဖြစ်အောင် ကြိုးစားနေပါဦးမယ်

ခင်မင်လေးစားလျှက်

အဆင်ပြေပါစေ
 
 
Dနေမင်း(နည်းပညာ)
ဇူးနစ်(နည်းပညာ)
                                                               www.zunite.org

No comments:

Post a Comment