Tuesday, April 28, 2015

ဓါတ်ပုံများတွင် Tag ပြုလုပ်ခြင်း မခံရအောင် Suggestion List မှ သင့် အမည်ကို ဖွက်ထားနည်း


Bookmark and Share [ ] [ ]




Facebook မှာ မျက်နှာများကို ခွဲခြမ်း စိတ်ဖြာတဲ့ နည်း ပညာကို အသုံးပြု ခြင်းဖြင့် Upload ပြုလုပ် လိုက်တဲ့ ဓါတ်ပုံ များမှာ ပါရှိတဲ့ လူတွေကို ခွဲခြားပေး နိုင်တဲ့ စွမ်းဆောင်ချက် ပါရှိ ပါတယ်။ သင့် သူငယ်ချင်း တွေ Upload ပြုလုပ်တဲ့ ဓါတ်ပုံ တစ်ပုံမှာ သင့်ရဲ့ မျက်နှာကို တွေ့ရှိတာနဲ့ Facebook က အဲဒီ ဓါတ်ပုံမှာ သင့် သူငယ်ချင်း တွေက လွယ်ကူစွာ သင့်ကို Tag လုပ်နိုင်အောင် သင့် အမည်ကို Suggest ပြုလုပ်ပေး ပါတယ်။

သင့်ကို သူငယ်ချင်း တွေက Tag လုပ်တဲ့ အခါမှာ သင့်ရဲ့ Tagging Settings အရ သင် သတ်မှတ် ထားတဲ့ လူများက အဲဒီ ဓါတ်ပုံကို မြင်တွေ့မှာ ဖြစ်ပါတယ်။ အဲဒီ အတွက် Privacy အရ ဓါတ်ပုံ များမှာ သင့်ကို Tag ပြုလုပ်နိုင်ခြင်း မရှိအောင် ပိတ်ထား ချင်ရင်တော့ အောက်ပါ နည်းလမ်းကို အသုံးပြု နိုင်ပါတယ်။

Note: အခုဖော်ပြမယ့် နည်းလမ်းက သင်ပါရှိတဲ့ ဓါတ်ပုံများကို သူငယ်ချင်းများက Upload ပြုလုပ်တဲ့အခါမှာ Tag ပြုလုပ်ဖို့အတွက် သင့်အမည်ကို Facebook က Suggest ပြုလုပ်ပေးခြင်းကိုသာ ပိတ်ထားနိုင်တာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုပေမယ့်လည်း သင့်သူငယ်ချင်းတွေက အဲဒီ ဓါတ်ပုံမှာ သင့်ကို Tag ပြုလုပ်နိုင်အုံးမှာပါ။ Facebook က သင့်အမည်ကို အကြံပြုပြသပေးမှာ မဟုတ်တော့ပါဘူး။

ဒီနည်းလမ်းကို အသုံးပြုဖို့အတွက် Settings ထဲသွားပါ။



Timeline and Tagging ကို နှိပ်ပါ။



“How can I manage tags people add and tagging suggestions” ကဏ္ဍမှ “Who sees tag suggestions when photos that look like you are uploaded.” ရဲ့ ညာဘက်ဘေးမှ Edit ကို နှိပ်ပါ။



ရွေးချယ်လိုက်တဲ့ ကဏ္ဍကို အကျယ်ဖြန့်ပြပေးမှာ ဖြစ်ပါတယ်။ Drop-Down List မှ No One ကို ရွေးပေးပါ။



ပြီးရင် ညာဘက်မှ Close ကို နှိပ်ပါ။



အခုဆိုရင် Settings ဟာ ပြောင်းလဲသွားပြီး သင့်သူငယ်ချင်းများက သင့်ဓါတ်ပုံကို Upload ပြုလုပ်ရင် ဖြစ်စေ၊ သင်နဲ့ တူတဲ့ လူတစ်ယောက်ရဲ့ ဓါတ်ပုံများကို တစ်စုံတစ်ယောက်က Upload ပြုလုပ်လိုက်ရင် ဖြစ်စေ Facebook က သင့်အမည်ကို အကြံပြုပြသပေးမှာ မဟုတ်တော့ပါဘူး။



Myanmar Digital Life Journal
http://www.myanmardigitallife.com/?p=2986


Dနေမင်း(နည်းပညာ)

No comments:

Post a Comment