Tuesday, June 30, 2015

MTK ဖုန်းများအား အလွယ်ဆုံး နည်းလမ်း နဲ့ CWM ဖန်တီးပြီး သွင်းမယ်


  [ ] [ ] [ ] [ ]




MTK ဖုန်းများအား အလွယ်ဆုံး နည်းလမ်း နဲ့ CWM ဖန်တီးပြီး သွင်းမယ်။ Recovery.img နဲ့ Boot.img တွေကို သိမ်းထား ကြရအောင်။

လိုအပ်တာတွေ ကတော့...


လုပ်ဆောင် ရမည့် နည်းလမ်းများ

1. CWM သွင်းမယ့် MTK ဖုန်းအား PC ဖြင့်ချိတ်ပါ။

2. MTK VCOM Drivers ကို Install လုပ်ပါ။

3. USB Debugging ကို Enable လုပ်ပါ။(သိပြီးသား ဆရာများ ကျော်သွားပေးပါ)

Setting => About phone =>Build number ကို7ချက် မြန်မြန်လေးနှိပ်ပါ =>

Back key ကိုတစ်ချက်နှိပ်ပါ => Developer options => USB debugging ဘေးတွင် ရှိသော Box လေးကို အမှန်ခြစ်ပေးပါ။

ပြီးရင် back key ကို တစ်ချက်နှိပ် => Security => Unknow sources ဘေးတွင် ရှိသော Box လေးကို အမှန်ခြစ် ပေးပါ။

ဖုန်းမှာ လုပ်ဆောင်စရာ မကျန်တော့ရင် စလိုက် ကြမယ်နော်။

Install CWMR (ClockWorkMod Recovery) in MTK (Me diaTek) Smart Phone

Solfware တစ်ခုခု ကို စမ်းသပ် တော့မယ်ဆို အရေးကြီး ဆုံးက DATA တွေကို Backup လုပ်ထား ဖို့ပါ။ ကိုယ့်ကြောင့်ပဲ ဖြစ်ဖြစ် Solfware ကြောင့်ပဲ ဖြစ်ဖြစ် အကြောင်း တစ်စုံ တစ်ရာကြောင့်
DATA တွေ ပျက်သွား ခဲ့မယ် ဆိုရင် ပြန်ရ နိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် စမ်းသက် တော့မယ်ဆို ကိုယ့်ရဲ့ DATA တွေကို Backup လုပ်ထားပါလွှို စာရေးသူ မှာချင် ပါတယ်။ Data တွေ ပျက်သွား ခဲ့မယ် ဆိုရင်တော့ စာရေးသူလဲ ပြန်လုပ်ပေးဖို့ တက်နိုင်သူ တစ်ယေက် မဟုတ်ပါဘူး။

1. Download လုပ်ထားတဲ့ ဖိုင်ကို ဖြည်ပါ။ အထဲမှ MTK DroidTools ကို ဖွင့်ပါ။ ပြီးနောက် Root button ကိုနှိပ်ပါ။ (မှတ်ချက် ။ ။ ဖုန်းတိုင်း ရမည်ဟု မဆိုလိုပါ။Oneclick Root tool တစ်ခုခုနှင့် အရင်ဆုံး Root ဖောက် ထားကြည့်ပါ၊ Root Access ရပါက busy box.apk install လုပ်ထားပါ။ box တစ်ခု ကျလာပါ OK နှိပ်ပါ။Root permanson တောင်းလျှင် Allow လုပ်ပေးပါ။



ပြီးရင် Install လုပ်ပါ။ ခဏ စောင့်ပြီး ပါက Done ဖြစ်သွား ပါလိမ့်မယ်။ ပြီးရင်တော့ MTK Droid tool နဲ့ ပြန်ချိတ် လိုက်ပါ အစိမ်းရောင်လေး ဖြစ်သွား ပါလိမ့်မယ်။

2.MTK droid tool ရှိ root, backup, recovery ဆိုသော နေရာလေးကို တစ်ချက် ကလစ်ပေး လိုက်ပါ။ ပြီးတဲ့ နောက်မှာတော့ To use boot from phone ကို ရွေးပါ။
Recovery and Boot button ကိုနှိပ်ပါ။




3. ထိုနောက် to make CWM recovery automaticall? လို့ မေးခဲ့ရင် Yes button ကို နှိပ်ပေးပါ။



4. ထိုနောက် yes ကိုပဲ ရွေးပေးပါ။ သတိထား ရမှာ ကတော့ No ကို မနှိပ်မိ ပါစေနဲ့ ဘာကြောင်လဲ ဆိုတော့ Boot.img ကို Flash မှာဖြစ်တဲ့ အတွက်ပါ။



5. ထိုနောက် Install Created recovery to phone လို့မေးလာရင် YES ကိုပဲ နှိပ်ပေးပါ။

6. နောက်ဆုံး To reload phone in recovery? မေးခဲ့မယ် ဆိုရင် Yes ကိုပဲ ရွေးပေးပါ။ ပြီးရင် ဖုန်းဟာ Reboot ကျ သွားပါ လိမ့်မယ်။ ပြန်တက် လာရင်တော့ ပုံလေးထဲက အတိုင်း CWM သွင်းပြီး ပါပြီ။



Boot.img နဲ့ recovery.img ကိုတော့ MTK Droid tool file ထဲက recovery ထဲမှာ ၀င်ကြည့် လိုက်နော်။

လုပ်ကြည့်ပါ မခက် ပါဘူးနော်။

Credit : www.thutamedia.com


Dနေမင်း(နည်းပညာ)

No comments:

Post a Comment