Sunday, May 8, 2016

♪ သင့်ရဲ့ Android စမတ်ဖုန်းနဲ့ ရုပ်ထွက်ပိုမိုကောင်းမွန်တဲ့ပုံတွေဘယ်လိုရိုက်ယူကြမလဲ။ ♫


သင့်ရဲ့ Android စမတ်ဖုန်းနဲ့ ရုပ်ထွက်ကောင်းတဲ့ပုံတွေရိုက်ယူရတာ သိပ်မခက်လှပါဘူး။ သင့်အနေနဲ့ သူ့အလိုအလျောက်လုပ်ဆောင်ပေးတဲ့ Auoto mode ရိုက်ကူးမှုအခြေအနေကနေ ထွက်လိုက်ဖို့ပဲလိုအပ်ပါလိမ့်မယ်။ အခုရေးသားဖော်ပြပေးမှာက Android စနစ်နဲ့ ရုပ်ထွက်ပိုမိုကောင်းမွန်တဲ့ဓာတ်ပုံတွေရိုက်ကူးဖို့အတွက် အထောက်အကူဖြစ်စေမယ့် လမ်းညွှန်ချက်လေးတွေပဲဖြစ်ပါတယ်။
သင့်ရဲ့မှန်ဘီလူး lens ကိုအရင်ဆုံးသန့်ရှင်းအောင်လုပ်ပါ။ (ပုံ-၁)
အခုစာရေးသူတင်ပြမယ့်အချက်တွေက AndroidPIT ကပဲဖြစ်ပြီး အဲ့ဒီမှာ စာဖတ်သူ Jim Davidson ထောက်ပြထားတာက ဓာတ်ပုံကောင်းတစ်ပုံကိုရိုက်ယူဖို့ကြိုးစားတဲ့အခါမှာ ပထမဆုံးစသင့်တဲ့နေရာက သင့်စမတ်ဖုန်းကင်မရရဲ့ မှန်ဘီလူး lens ကိုသန့််ရှင်းအောင်လုပ်ဖို့ပါပဲ။ ဖုန်းကိုလက်နဲ့ကိုင်ဆောင်အသုံးပြုတာဖြစ်ဖို့ မှန်ဘီးလူး နေရာမှာ မကြခဏဆိုသလို နည်းနည်းညစ်ထေနေတာမျိုးရှိနေတတ်ပြီး ဒီအချက်ကေ၀၀ါးတဲ့ပုံမျိုးတွေထွက်ပေါ်လာစေနိုင်ပါတယ်။ သင့်အနေနဲ့ ဓတ်ပုံရိုက်ဖို့လုပ်တဲ့အခါတိုင်းမှာ သင့်ဖုန်းမှန်ဘီလူးပေါ်က ဖုန်မှုတ်အညစ်အကြေးတွေကို လက်ကိုင်ပ၀ါ ဒါမှမဟုတ် သင့်ရဲ့တီရှပ်နဲ့ ခပ်မြန်မြန်လေးသုတ်လိုက်ပါ။
1
Landscape အနေအထားမျိုးနဲ့ရိုက်ယူပါ။ (ပုံ-၂)
လက်ရှိအသုံးများတဲ့ media format က 16:9 aspect ration အတိုင်းအတာဖြစ်လို့ အဲ့ဒီရဲ့အကျိုးဆက်ကြောင့် သင့်အနေနဲ့ ဓာတ်ပုံတွေကို ဒေါင်လိုက် portrait ပုံစံမျိုးရိုက်မယ်ဆိုရင် ကြည့်ရတာအဆင်မပြေဖြစ်စေပါလိမ့်မယ်။ သင့်အနေနဲ့ အနီးကပ်အနေအထားမျိုးကနေပြီး ခပ်ရှည်ရှည် အဆောက်အဦးတစ်ခုကို ရိုက်ယူတာမျိုးမဟုတ်ဘူးဆိုရင်တော့ ဓာတ်ပုံအများစုကို အလျားလိုက် landscape ပုံစံမျိုးနဲ့ပဲရိုက်ယူကြည့်ပါ။
2
ရိုက်ကူးမှုတော်တော်များများအတွက် flash အလင်းမီးသုံးခြင်းကို ရှောင်ကြဉ်ပါ။ (ပုံ-၃)
DSLR လိုကင်မရာမှာတောင်မှ flash အလင်းမီးသုံးခြင်းကို များသောအားဖြင့် အရေးပေါ်အခြေအနေတွေအတွက် အဓိကချန်ထားကြပါတယ်။ သင့်ရဲ့ပုံကိုအလင်းပေးနိုင်စေဖို့ သဘာဝအလင်းအားကို သုံးနိုင်တယ်ဆိုရင် ဒါကိုပဲသင့်အနေနဲ့သုံးသင့်ပါတယ်။ သင့်အနေနဲ့လည်း သင်ရိုက်ယူတဲ့ပုံတွေကို သဘာဝအတိုင်းပေါ်စေချင်တယ်မဟုတ်လား။
စမတ်ဖုန်းကင်မရာတွေပေါ်မှာ LED flash သုံးရမယ့်အချိန်နဲ့နေရာမျိုးရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီ flash မီးက မှန်ဘီးလူး lens နဲ့တအားကပ်တဲ့နေရမှာရှိနေလို့ ဆိုးရွားတဲ့အလင်းပြန်တဲ့သက်ရောက်မှုမျိုး ဓာတ်ပုံမှာပါသွားစေနိုင်ပါတယ်။ သဘာဝအလင်းရောင် မလုံလောက်တော့ဘူးဆိုရင်တော့ exposure value (EV) နဲ့ ISO ပမာဏတို့ကို တိုးမြှင့်သုံးကြည့်ပါ။ ဒါပေမဲ့ ISO ပမာဏကိုတိုးပြီးသုံးရင်တော့ သင့်ရဲ့ပုံတွေထဲမှာ noise ဆိုတဲ့ အစက်အပျောက်ပါဝင်မှုတွေတိုးလာနိုင်တယ်ဆိုတာကိုတော့ ကြိုပြီးသိထားရပါမယ်။ ဒီအတွက်လို အပ်တဲ့ပမာဏကိုတော့ ချိန်ညှိသုံးသင့်ပါတယ်။ နေလုံးဟာ သင်ရိုက်မယ့်ပုံရဲ့နောက်ဘက်မှာရှိနေတဲ့နေ့ ဘက်အချိန်လို အခြေအနေမျိုးမှာ ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ ဒီအတွက်ခြွင်းချက်စည်းမျဉ်းတစ်ခုရှိနေပါတယ်။ သင့်အနေနဲ့တတ်နိုင်မယ်ဆိုရင်တော့ နေလုံးကို သင့်ကင်မရာရဲ့နောက်ဘက်မှာပဲထားပြီးရိုက်သင့်ပါတယ်။ အဲ့ဒီလိုအခြေအနေမျိုးကိုမရှောင်ရှားနိုင်ဘူးဆိုရင်တော့ မျက်နှာနဲ့တခြားအသေးစိတ်အပိုင်းတွေကို အလေးပေးနိုင်စေဖို့ flash အလင်းမီးကိုသုံးကြည့်နိုင်ပါတယ်။ ဒီလိုမဟုတ်ရင် ကိုယ်ရိုက်မယ့်ပုံက အမှောင်အရိပ်အောက်ရောက်သွားနိုင်ပါတယ်။
3
Digital zoom ကို ဘယ်တော့မှမသုံးပါနဲ့။ (ပုံ-၄)
Digital zoom ဟာ စမတ်ဖုန်းနဲ့ရိုက်ယူတဲ့ဓာတ်ပုံတွေအားလုံးကိုဖျက်ဆီးပစ်ရာမှာ နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။ သင့်ဖုန်းကင်မရာမှာ optical zoom စနစ်မပါဘူးဆိုရင်တော့ zooming စနစ်ကလုပ်ပေးနိုင်တာက ပုံကိုဆွဲချဲ့ပြီး crop လုပ်ဖြတ်တောက်ပေးလိုက်တာပဲဖြစ်ပါတယ်။ optical zoom ကသာ ရုပ်ပုံရဲ့အရည်အသွေးကျဆင်းမှုမရှိစေဘဲနဲ့ ပုံကိုဆွဲချဲ့ပေးနိုင်တာဖြစ်ပါတယ်။ သင့်ဘက်ကို မေးနိုင်တဲ့မေးခွန်းက အခုလိုရိုက်ယူတဲ့နေရာမှာ မြင်ကွင်းကိုဆွဲချဲ့လိုက်လို့မရနိုင်ဘူးလားဆိုတဲ့အချက်ပါ။ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ပုံတွေဝါးသွားပါလိမ့်မယ်။ ဒါကြောင့် ပုံကို zoom ဆွဲမချဲ့ဘဲနဲ့ဒီတိုင်းအရင်ရိုက်ပြီးမှ ကိုယ်ဘာသာကိုယ် manual ပုံစံနဲ့ crop လုပ်ဖြတ်ယူတာက ပိုကောင်းပါတယ်။
4
သင့်ရဲ့အကောင်းဆုံး၊ အဆိုးဆုံး၊ Auto စနစ်နဲ့ရိုက်ထားတဲ့ပုံတွေရဲ့ အနုစိပ်တွေကို စစ်ဆေးကြည့်ပါ။ (ပုံ-၅)
ကျွန်တော်တို့မှာ ရုပ်ထွက်တော်တော်ကောင်းကောင်းနဲ့ထွက်လာတဲ့ ဓာတ်ပုံတချို့ရှိသလို တချို့ပုံတွေကြပြန်တော့ တော်တော်လေးကိုဆိုးနေတတ်ပါတယ်။ သင့်အနေနဲ့ အကောင်းဆုံး ပုံပဲဖြစ်ဖြစ်၊ ဆိုးဆိုးရွားရွားပုံပဲဖြစ်ဖြစ် ရိုက်ယူတဲ့အခါတိုင်းမှာ ISO တို့၊ exposure time တို့နဲ့ aperture တို့ဘယ်လိုအတိုင်းအတာရှိသလဲဆိုတာကိုသိဖို့အတွက် ဓာတ်ပုံရဲ့ အသေးစိတ်အချက်အလက်တွေပြတဲ့အပိုင်းထဲ ၀င်ရောက်စစ်ဆေးကြည့်ရပါမယ်။ ကိုယ်ရိုက်ယူထားတဲ့ပုံကိုတစ်ချက်နှိပ်လိုက်တာနဲ့ detail အနေအထားတွေကို ၀င်ကြည့်နိုင်ပါတယ်။
အခုလိုလေ့လာကြည့်ခြင်းအားဖြင့် သင့်အနေနဲ့ သင့်ဖုန်းပေါ် ဘယ် settings တွေဟာ ဘယ်လိုအလင်းရောင် အခြေအနေတွေနဲ့အကောင်းဆုံး တွဲဖက်အလုပ်လုပ်ပေးနိုင်သလဲဆိုတာကို ဖြည်းဖြည်းနဲ့သင်ယူသိရှိသွားပါလိမ့်မယ်။ (လုံးဝမသိတဲ့သူတစ်ယောက်ဆိုရင်လည်း ကိုယ့်ဝန်းကျင်က မိတ်ဆွေသူငယ်ချင်းတွေကို မေးကြည့်သင့်ပါတယ်။ သူတို့ထဲမှာ ဓာတ်ပုံရဲ့ feature အညွှန်းတော်တော်များများကိုသိတဲ့သူတွေရှိနေပါလိမ့်မယ်။) ဒါက အထူးသဖြင့် “Auto” စနစ်နဲ့ရိုက်တဲ့ပုံမျိုးတွေ အတွက်အသုံးတည့်စေပါလိမ့်မယ်။ ဒါဆိုရင် သင့်အနေနဲ့ သင့်ရဲ့ကင်မရာက defaut အနေနဲ့ပေးထားတဲ့ settings တွေကို လေ့လာသိရှိပြီး ကိုယ့်လိုချက်ပေါ်မူတည်ကာ adjust လုပ်ပြန်လည်ချိန်ညှိနိုင်စေမှာဖြစ်ပါတယ်။
5
HDR mode ကိုအသုံးချပါ။ (ပုံ-၆)
ရုပ်သေအငြိမ်ရှိနေတဲ့ပုံရိပ်တွေကို ရိုက်ယူရာမှာ HDR (High dynamic rage) စနစ်က အလွန်ကောင်းတဲ့ mode တစ်ခုပါပဲ။ တစ်ခုရှိတာက ဒါကိုသုံးပြီးရိုက်ရင် လက်ကိုငြိမ်ငြိမ်ထားဖို့တော့လိုအပ်ပါလိမ့်မ်။ HDR mode ဟာ ဓာတ်ပုံထဲမှာရှိတဲ့ အလင်းအနေအထားနဲ့ အရိပ်တွေဟာ ညီညီမျှမျှရှိနေတယ်ဆိုတာကို သေချာအောင်လုပ်ဆောင်ပေးတာဖြစ်ပြီး အထူးသဖြင့် contrast အလင်းအားများတဲ့ ခပ်တောက်တောက် ဓာတ်ပုံတွေအတွက် အသုံးဝင်မှာဖြစ်ပါတယ်။ HDR mode ဟာ exposure မတူတဲ့ဓာတ်ပုံ ၂ပုံ ဒါမှမဟုတ် အဲ့ဒီထက်ပိုတဲ့ပုံတွေကို တစ်ချိန်တည်းတစ်ပြိုင်တည်းမှာ ရိုက်ယူတာဖြစ်ပြီး ပြီးတော့မှ အဲ့ဒီပုံ၂ပုံထဲကမှ အကောင်းဆုံးနဲ့ အတောက်ပဆုံး အနေအထားမျိုးကို ဓာတ်ပုံတစ်ပုံတည်းအဖြစ် ပေါင်းစပ်ဖန်တီးပေးလိုက်တာဖြစ်ပါတယ်။ သင့်အနေနဲ့ သင့်ကင်မရကို လက်အငြိမ်ဆုံးထားပြီး ရိုက်ရမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ထွက်လာတဲ့ပုံကေ၀၀ါးသွားပါလိမ့်မယ်။ stand လိုမျိုး အောက်ခြေငြိမ်မယ့် အရာတစ်ခုခုပေါ်မှာ ဖုန်းကိုတင်ပြီးရိုက်ရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
6
ပြန်လည်ပြင်ဆင်ပြုပြင်ပေးနိုင်မယ့် post-processing filter တွေသုံးပါ။ (ပုံ-၇)
သင်ရိုက်ယူထားတဲ့ပုံတွေကို ပိုမိုကောင်းမွန်သွားအောင်ပြုလုပ်ပေးနိုင်စေမယ့် ချစ်စရာကောင်းတဲ့ filter တော်တော်များများရှိနေပါတယ်။ ဒါကိုလူတော်တော်များများကမကြိုက်ကြပါဘူး။ ပုံမှန်သဘောမျိုးအဖြစ် စမတ်ဖုန်းနဲ့ဓာတ်ပုံရိုက်တဲ့သူတွေအတွက် retro စတိုင်းမျိုးတွေ၊ အဖြူအမဲပုံစံမျိုး၊ Windmere တို့၊ Islandia တို့လိုနဲ့ တခြားသော filter အမျိုးမျိုးက သင့်ရဲ့ဓာတ်ပုံထဲမှာ နောက်ဒီဇိုင်းပုံစံမျိုးကိုဖြည့်စွက်ထည့်သွင်းပေးနိုင် ပါတယ်။ Android စမတ်ဖုန်းအများစုမှာတော့ filter တွေအမြောက်အမြားတစ်ပါတည်းပါဝင်ပြီးသားပါ။ ဒါပေမဲ့ သင့်အနေနဲ့ မလုံလောက်သေးဘူးဆိုရင် Pixlr မှာသွားရောက်ပြီး ရွေးချယ်ရယူနိုင်ပါသေးတယ်။ (အရင်တုန်းကတော့ Pixlr Express ဆိုတဲ့အမည်နဲ့ပါ။)
7
ရောင်ပြန်ပါတဲ့မျက်မှန်ကိုအသုံးပြုပြီး ခပ်ဆန်းဆန်းပုံစံမျိုးရိုက်ကူးကြည့်ပါ။ (ပုံ-၈)
သင့်မှာ ရောင်ပြန် coating ပါတဲ့နေကာမျက်မှန်တစ်လက်ရှိတယ်ဆိုရင် အဲ့ဒါကိုသုံးပြီး သင့်ရဲ့ရိုက်ချက်အတွက် ခပ်ဆန်းဆန်းရူထောင့်ပုံမျိုးဖမ်းယူနိုင်ပါတယ်။ (ပုံမှာတော့ လေ့လာကြည့်နိုင်ပါတယ်။) သက်ဆိုင်ရာအလင်းက lens ကနေတစ်ဆင့်ရောင်ပြန်သွားဖို့လိုအပ်ပြီး ဒါမှလည်း သင်ရိုက်ချင်တဲ့မြင်ကွင်းအနေအထားမျိုး၊ အက်ရှင်ပုံစံမျိုးတွေကို ပိုကောင်းအောင်ဖမ်းယူပေးနိုင်စေမှာဖြစ်ပါတယ်။
8
Panorama မြင်ကွင်းကျယ်ရိုက်ချက်မျိုးမှာ ပုံရိပ်တစ်ခုကို အကြိမ်ကြိမ်ပါဝင်နေအောင် ဖန်တီးလုပ်ဆောင်ကြည့်ပါ။ (ပုံ-၉)
Google Camera app ကတော့ အခုဆိုရင် Play Store မှာရယူအသုံးပြုနိုင်ပါတယ်။ ဒါကြောင့် Android version 4.4 KitKat နဲ့အထက်ရှိတဲ့ စမတ်ဖုန်းတွေအတွက် ဒီ app ကိုရယူနိုင်မှာဖြစ်ပါတယ်။ App ထဲမှာတော့ သင့်အနေနဲ့ Panorama function ကိုအသုံးပြုနိုင်ပြီး မြင်ကွင်းတစ်ခုကနေပြီး အလျားလိုက်ရွေးလျားတာနဲ့ landscape တစ်ခုလုံးဖမ်းယူတာတို့အတွက် သုံးနိုင်ပါတယ်။
ထူးထူးဆန်းဆန်း effect မျိုးအတွက် ကင်မရာနဲ့အတူ လိုက်ပါရွေးလျားစေဖို့အတွက် သင့် panorama ရိုက်ချက်ရဲ့ ပုံရိပ်ကိုရယူလိုက်ပါ။ ဒါမှ သူတို့အနေနဲ့ ပုံထဲမှာ တစ်ကြိမ်ထက်ပိုပြီးပေါ်လာစေမှာဖြစ်ပါတယ်။ ဒီလိုမျိုးဖန်တီးခြင်းရဲ့အဓိကအချက်က သက်ဆိုင်ရာပုံရိပ်ကိုရွေးလျားမှုပြုလုပ်နေစဉ်မှာ ကင်မရာကို အငြိမ်ဆုံး ဖြစ်အောင်ကိုင်ထားပေးဖို့ပါပဲ။ ဒါမှမဟုတ် သင့်ကိုကူညီနိုင်မယ့်တခြားတစ်ယောက်ယောက်ရှိနေရင်လည်း ပိုကောင်းပါတယ်။
9
The rule of thirds (ပုံ-၁၀)
ဒီအချက်က ဓာတ်ပုံရိုက်ကူးမှုအတွက် အရိုးရှင်းဆုံးစည်းမျဉ်းတွေထဲက တစ်ခုပဲဖြစ်ပြီး သင့်ဓာတ်ပုံဖွဲစည်းမှုကို အကောင်းဆုံးဖြစ်စေဖို့အတွက် အလွန်အသုံးဝင်ပါတယ်။ သူ့ရဲ့သဘောက ကျွန်တော်တို့ရဲ့မျက်လုံးတွေဟာ ဘဘာဝအားဖြင့် ပုံရိပ်တွေကိုသွားကြည့်တတ်တဲ့သဘောရှိပြီး အဲ့ဒီပုံတွေကို တတိယအပိုင်းအဖြစ်နဲ့ပိုင်းခြားပေး လိုက်တာဖြစ်ပါတယ်။ အဲ့ဒီမှာ ဓာတ်ပုံရဲ့မူလပုံရိပ်က ဗဟိုချက်ကနေပြီးနည်းနည်းလေး ခွဲထွက်သွားပါလိမ့်မယ်။
ဒီလိုသက်ရောက်မှုမျိုးရရှိစေဖို့အတွက် စမတ်ဖုန်းကင်မရာအများစုဟာ ဓာတ်ပုံရိုက်ယူတဲ့အခါမှာ အလျားလိုက်နဲ့ ဒေါင်လိုက်မျဉ်း၂ကြောင်းပါတဲ့ grid လိုင်ကိုအသုံးပြုနိုင်စေဖို့ ထောက်ပံ့ပေးထားပါတယ်။ သင့်ဓာတ်ပုံရဲ့မူလပုံရိပ်ဟာ ဒီမျဉ်းလိုင်းတွေရဲ့၎ခုဆုံးချက်ထဲကတစ်ခုမှာ ရှိနေရမှာဖြစ်ပြီး အမြင်အားဖြင့်တကယ့်ကိုနှစ်သက်ဖွယ်ကောင်းတဲ့ပုံမျိုးကို ရရှိစေမှာဖြစ်ပါတယ်။ နည်းနည်းတော့ခက်တယ်လို့ထင်ရပေမယ့် စမ်းကြည့်သင့်ပါတယ်။
10
Augmented color reality (တကယ့်အရောင်အသွေးမျိုးဖန်တီးရယူခြင်း) (ပုံ-၁၁)
Colorify Augmented Reality ဟာ Google Play Store မှာရှိတဲ့နည်းနည်းလူသီနည်းတဲ့ app တစ်ခုပါ။ ဒါကိုသုံးပြီး သင့်အနေနဲ့ သင်လိုချင်တဲ့အရာမှာ အရာဝတ္ထုတစ်ခုခုကိုပြောင်းတာပဲဖြစ်ဖြစ်၊ အ၀တ်အစားအရောင် ကိုပြေင်းတာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ ဓာတ်ပုံထဲမှာ contrast အရောင်ပိုတောက်လေလေ၊ သူ့ရဲ့ effect ကပိုပြီး အလုပ်ဖြစ်လေလေပါပဲ။
နောက်ပြီး Colorify app ဟာ တူညီတဲ့ palette အကွက်ထဲက ဓာတ်ပုံထဲမှာရှိတဲ့ အရာဝတ္ထုတွေပေါ်က အရောင်ကို အစားထိုးပေးလိုက်နိုင်တယ်ဆိုတာကိုလည်း မှတ်ထားနိုင်ပါတယ်။ (အခုလိုလုပ်ဆောင်ထားမှုကို သက်ဆိုင်ရာပုံမှာလေ့လာကြည့်နိုင်ပါတယ်။) ဒီ app က ဂျင်းဘောင်းဘီအရောင်ရော၊ ဖိနပ်ရဲ့အရောင်ကိုပါ ပြောင်းပေးလိုက်တာကိုတွေ့ရမှာဖြစ်ပါတယ်။
11
ကမ္ဘာသေးသေးလေးဖန်တီးကြည့်မယ်။ (ပုံ-၁၂)
ဒါက ဓာတ်ပုံဆိုင်ရာတည်းဖြတ်မှုနဲ့သက်ဆိုင်တဲ့ ခပ်ဆန်းဆန်းပြားပြားလုပ်နိုင်တဲ့ trick တွေထဲကတစ်ခုပါ။ သင့်အနေနဲ့ Tiny Planet လို့ခေါ်တဲ့ effect ထဲမှာ သင့်ရဲ့ panorama မြင်ကွင်းကျယ်ပုံတွေကို ကမ္ဘာလုံးအဖြစ် ပြောင်းပစ်နိုင်ပါတယ်။ ဒီလို effect မျိုးရရှိအောင်လုပ်ဖို့ သင်သုံးနိုင်မယ့် နောက်ထပ် app ၂ခုကို ဝေမျှပေးချင်ပါသေးတယ်။ ပထမတစ်ခုက Tiny Planet FX ပဲဖြစ်ပြီး ဒီ app ကအခမဲ့ free မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ effect ကို စိတ်တိုင်းကျလုပ်နိုင်စေမယ့် ထူးခြားတဲ့ရွေးချယ်မှုတွေရှိနေပါတယ်။ ဒုတိယတစ်ခုက Small Planet ပဲဖြစ်ပြီး အခမဲ့အဖြစ်ရယူအသုံးပြုနိုင်ပါတယ်။ သူ့ကိုအသားကျသုံးတတ်ဖို့အတွက်တော့ အချိန်ပေးပြီးနည်းနည်းကလိကြည့်ဖို့တော့လိုပါလိမ့်မယ်။ သိသွားပြီဆိုတာနဲ့ သင်အနေနဲ့ ထူးခြားတဲ့ ရိုက်ချက်မျိုးတွေဖန်တီးရယူနိုင်ပါလိမ့်မယ်။
12)

Credit to ==> http://www.myanmarmobileapp.com/


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 





www.pyaephyo.com

No comments:

Post a Comment