Wednesday, May 18, 2016

♪ “ Huawei GR5 “ ♫


စမတ်ဖုန်းတစ်လုံးအတွက် လိုအပ်တဲ့ပြီးပြည့်စုံတဲ့အချက်တွေအားလုံး Huawei GR5 မှာ မြင်တွေ့နိုင်ပါတယ်။ GR5 ဟာ mid-range ဖုန်းတစ်လုံးဖြစ်ပြီး low-cost ဖုန်းလို့တောင် ပြောလို့ရပါတယ်။ Huawei ဟာ GR5 အတွက်သုံးလို့ကောင်းအောင် high နဲ့ low-end features တွေ ရောစပ်ပြီး တီထွင်ထုတ်လုပ်ပေးနိုင်တာ ကြောင့် တကယ်ပဲချီးကျူးစရာကောင်းပါတယ်။ အပြစ်အနာအဆာကင်းပြီး ကင်မရာအရည်အသွေး၊ မြန်နှုန်းမြင့် စွမ်းဆောင်ရည်တွေပါဝင်တာကြောင့် အခြားဖုန်းတွေနဲ့ယှဉ်ကြည့်လိုက်ရင် GR5 ဟာ ၀ယ်သုံးရကျိုးနပ်ပါတယ်။ Huawei GR5 မှာ စိတ်ဝင်စားစရာကောင်းတာက ကျောဘက်မှာထည့်သွင်းထားတဲ့ Fingerprint reader ဖြစ်ပြီး တိကျသလိုသုံးရတာလည်း လွယ်ကူပါတယ်။ ထင်ထားတာထက် ပိုမိုဆွဲဆောင်မှုရှိတဲ့ Huawei GR5 ဟာ ဒီဇိုင်းလည်းခံ့ညားပြီး သတ္တုကိုယ်ထည်ဖုန်းဖြစ်ပါတယ်။ Huawei ရဲ့ Emotion UI ကြောင့် iPhone အပြင်အဆင်တွေအတိုင်း ခံစားမိအောင် ဖန်တီးပေးထားပါတယ်။ Huawei GR5 မှာ DTS Sound စနစ်ကို Support လုပ်ထားပြီး Li-ion 3000mAh ဘက်ထရီသုံးစွဲထားပါတယ်။

* Design & Build *
Huawei GR5 ရဲ့ အဓိကအချက်ဟာ သူ့ရဲ့သတ္တုကိုယ်ထည်ဖြစ်ပြီး သတ္တုထက်စာရင် ဖုန်းရဲ့အပြင်အဆင်ကို ပလတ်စတစ်နဲ့တည်ဆောက်ထားသလိုထင်ရအောင် ပြုလုပ်ထားတာဖြစ်တယ်လို့သိရပါတယ်။ GR5 ဟာ အလေးချိန်အရမ်းမများဘဲ အရွယ်အစားတူညီတဲ့ ပလတ်စတစ်ဖုန်းတွေထက်တောင် ပိုမိုပေါ့ပါးတာတွေ့ရပါ တယ်။ 158g အလေးချိန်ရှိပြီး 8.2mm အထူရှိတဲ့စမတ်ဖုန်းတစ်လုံးဖြစ်ပြီး ကျောဘက်မှာလည်း အနည်းငယ် ရှုပ်ထွေးနေတာမြင်နိုင်ပါတယ်။ ကင်မရာ၊ LED Flash, Fingerprint sensor, Honor logo တို့ ကျောဘက်မှာ ပါရှိပြီး Fingerprint sensor ကို ကိုယ်ထည်ရဲ့အရောင်နဲ့ တစ်သားတည်းကျအောင် ပြုလုပ်ထားပါတယ်။ GR5 ရဲ့ ဘေးဘောင်တွေဟာ အလူမီနီယမ် သတ္တုစပ်နဲ့ တည်ဆောက်ထားတာဖြစ်ပြီး အပေါ်နဲ့အောက်ဘက်ခြမ်း တွေကိုတော့ ထင်ထင်ရှားရှားဖြစ်အောင် ပလတ်စတစ်နဲ့ဖွဲ့စည်းပေးထားပါတယ်။ ပါဝါနဲ့ အသံအတိုး/အလျှော့ ခလုတ်တို့ကို ညာဘက်မှာတပ်ဆင်ထားပြီး ဘယ်ဘက်ခြမ်းမှာတော့ ဆင်းကတ်နဲ့ SD ကတ်ပေါက်တို့ဖြစ်ပါ တယ်။ Huawei GR5 ကို အရောင်သုံးမျိုးနဲ့ရရှိနိုင်ပြီး အဖြူ၊ အနက်၊ ရွှေရောင်တို့ဖြစ်ပါတယ်။

* Display *
Phablet တစ်လုံးဖြစ်တာကြောင့် မျက်နှာပြင်ဟာ ၅.၅ လက်မအရွယ်ရှိပါတယ်။ မျက်နှာပြင်ကြီးမားတာမို့ သုံးရတာအားရှိပြီး ရုပ်ထွက်အရည်အသွေးအကောင်းဆုံးကိုပေးစွမ်းနိုင်ဦးမှာပါ။ 1080×1920 pixels Full HD ရုပ်ထွက်ရရှိမှာဖြစ်ပြီး Pixel သိပ်သည်းဆကတော့ 401ppi ထိ ရှိပါတယ်။
* Operating System and Camera *
Huawei GR5 မှာ Android OS 5.1.1 (Lollipop) ကို Emotion UI 3.1 နဲ့ တွဲဖက်အသုံးပြုနိုင်အောင် ထည့် သွင်းထားပါတယ်။ အဓိကကင်မရာဟာ 13MP ဖြစ်ပြီး ရုပ်ထွက်ကောင်းမွန်ဖို့အတွက် စိတ်ချရပါတယ်။ LED Flash မီးသုံးနိုင်ပြီး Panorama, HDR စတဲ့ Features တွေ ပါဝင်ပါတယ်။ Full HD 1080p ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပြီး ရှေ့ဘက်မှာလည်း f/2.4 operture lens အသုံးပြုထားတဲ့ 5MP ကင်မရာကို တပ်ဆင် ထားပါတယ်။

* Performance *
စွမ်းဆောင်ရည်မြင့်မားတဲ့ Qualcomm Snapdragon 615 chip ကို Huawei GR5 အတွက်သုံးထားပြီး cota-core processor က မြန်နှုန်းမြင့် ဆောင်ရွက်ပေးပါတယ်။ RAM ပမာဏ 2GB ကို ထည့်သွင်းထားပြီး ဂိမ်း အတွက်ကတော့ ဂရပ်ဖစ် Adreno 405 ပါဝင်ပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 16GB ရှိပြီး micro SD နဲ့ 128GB အထိ ထပ်မံလိုအပ်ခဲ့ရင် မြှင့်တင်သုံးနိုင်အောင် စီစဉ်ပေးထားပါတယ်။

* Specification *
Display : 5.5 inches, IPS LCD capacitive touchscreen Memory : 16 GB, 2 GB RAM, microSD, up to 128GB Camera : 13 Megapixel, autofocus, LED flash, Geo-tagging OS : Android OS, v5.1.1 (Lollipop) Phone : 01-391789 (UNiQUE)
Price : 249,000/-

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 





www.pyaephyo.com
 
Dနေမင်း(နည်းပညာ)

No comments:

Post a Comment