Sunday, June 19, 2016

♪ Windows 10 ကိုအကောင်းဆုံးအသုံးချလိုလျှင်” ♫


တရားဝင်လိုင်စင်ဖြင့်သာသုံးခွင့်ရမည်ဆိုလျှင်Windows 10 သည် အတန်ပင်
သုံး၍ကောင်းမည့်သဘောရှိသည်။မကြာခဏupdate လုပ်ခိုင်းခြင်း၊ အတင်း
အကြပ်update လုပ်စေခြင်းတို့မှာတရားဝင်လိုင်စင်ရှိပါမှ ပြဿနာနည်းနိုင်
သောကြောင့်ဖြစ်သည်။ယေဘုယျပြောရလျှင် Windows 10 သည်အလုပ်လုပ်
ပုံမြန်သည်။၂၀၁၃ခုနှစ်လောက်ကထုတ်သောComputer hardware များဖြင့်
သုံးလျှင်ပင်အလုပ်လုပ်ပုံ မြန်နေပါသေးသည်။သို့သော်hardware မနိုင်ဘဲ
မလိုအပ်သောapp အများအပြားတင်ခြင်း၊Background process များထားရှိ
ခြင်း၊effect များထားရှိခြင်းတို့သည်ကွန်ပျူတာအလုပ်လုပ်မှုကို နှေးကွေး
စေမည်သာမကBoot အတက်လည်း နှေးစေပါလိမ့်မည်။Windows 10 အားအလုပ်လုပ်ပုံ
မြန်ဆန်ထိရောက်စေရန် ပြုလုပ်ပေးနိုင်မည့်အလှည့်
အပြောင်းတို့ကိုဤသို့တွေ့ရပါမည်။
<Windows အတက်မြန်အောင်လုပ်ခြင်း>
ပင်ကိုအားဖြင့်ဆိုလျှင်Windows 10 သည်အချို့သောSystem file များကို cache
ထဲတွင်သိုလှောင်သိမ်းဆည်းပြီးမှစက်ကိုShutdown ချပါသည်။ သို့ဖြစ်၍
နောက်တစ်ကြိမ်ကွန်ပျူတာဖွင့်သည့်အခါOS သည် မြန်ဆန်စွာတက်
လာပါလိမ့်မည်။ထိုကိစ္စအတွက်Windows 10 install လုပ်စဉ်ကာလကပင် Fast startup
ကိုon ထားပေးခဲ့ရပါမည်။ကွန်ပျူတာ အလုပ်လုပ်ပုံသည်
မျှော်လင့်သလောက်မမြန်ဟုဆိုလျှင်Fast startup on ထားပြီးOSအတက်
ချောမွေ့အောင်လုပ်ထားခြင်းရှိမရှိစစ်ရပါမည်။ယင်းကဲ့သို့စစ်ဆေးနိုင်ရန်Admin
account ဖြင့်Sign in ၀င်ရပါမည်။ယင်းနောက်start > setting > system
> power & sleep အတိုင်းအဆင့်ဆင့်ဝင်ရပါမည်။ယင်းနောက် additional
power setting နေရာတွင်ကလစ်နှိပ်ရပါမည်။Cortana search bar တွင်power
options ဟုစာရိုက်ထည့်လျှင်လည်းရပါမည်။ပြီးလျှင်power options control
panel result ကိုရွေးရပါမည်။ပြီးလျှင်Choose what the power buttons do
တွင်ကလစ်နှိပ်ရပါမည်။ယင်းနောက်Change Settings that are currently
available ကိုထပ်၍ကလစ်နှိပ်ဖို့လိုပါမည်။ပြီးလျှင်page
၏အောက်ဘက်သို့ဆင်းသွားပြီးshutdown setting အောက်သို့တစ်ချက်
ကြည့်ရပါမည်။ထိုနေရာတွင်ရှိသောTurn on fast start up Checkbox
နေရာတွင်အမှန်ခြစ်ခြစ်ထားကြောင်းသေချာအောင်လုပ်ရပါမည်။ပြီးလျှင် save
changes ၌ကလစ်နှိပ်ဖို့လိုပါသည်။
<Startup Optimize လုပ်ခြင်း>
ကွန်ပျူတာအသစ်တစ်လုံးရောင်းလိုက်ပြီဟုဆိုသည့်အခါOSနှင့်အတူ
ထည့်ပေးသည့်အခမဲ့ယာယီသုံးအစမ်းသုံးapplication များမှာအသုံးမ၀င်
သည့်အပြင်System ကိုဖောင်းပွသဖြင့်bloatwareဟုလည်းခေါ်ပါသည်။ Software
ရေးသူတို့မှာသူတို့ရေးသမျှapplication တိုင်းကိုအရေးပါသည်ဟု
ထင်သူချည်း။ထို့ကြောင့်သူတို့၏appများကိုOS တက်သည်နှင့်တစ်ပြိုင်တည်း
လိုက်တက်အောင်စီစဉ်ထားတတ်ကြပါသည်။ထိုအခါယင်းapp တို့ကSystem resource
ကိုခွဲဝေစားသုံးသည်။ရလဒ်မှာOS အတက်နှေးသွားခြင်းဖြစ်ပါ သည်။ယင်းအခြေအနေကို
ပြင်ဆင်မည်ဟုဆိုလျှင်Start up button နေရာ
တွင်ညာကလစ်ထောက်ပါမည်။ပြီးလျှင်ပေါ်လာသည့်အကွက်ထဲမှTask Manager
ကိုရွေးပါမည်။ပြီးလျှင်ဝဲဘက်အောက်ခြေ၌ရှိသော မြားပုံbutton
လေးကိုနှိပ်ပါမည်။More details ကိုကြည့်ရန် ဖြစ်ပါသည်။ပြီးလျှင်
အပေါ်ဘက်နား၌ရှိသောStartup tab ကိုနှိပ်ပါမည်။ထိုအခါstartup
ဖြစ်စဉ်အတွင်းအတူလိုက်၍တက်လာသောapp အားလုံး၏စာရင်းကို မြင်ရပါ မည်။ယင်းapp
ကိုထုတ်ဝေသူနှင့်status ကိုလည်း မြင်ရပါမည်။ထိုstatus ကိုကြည့်၍app
တစ်ခုသည်OS တက်မှုအမြန်နှုန်းပေါ်တွင်အကျိုး သက်ရောက်မှု
ရှိမရှိသိနိုင်သည်။ထိုစာရင်းတွင်ပါဝင်သောapp တစ်ခုသည် မလိုအပ်
ဟုထင်မြင်ယူဆခဲ့လျှင်ယင်းအပေါ်၌ညာကလစ်ထောက်ပြီးပေါ် လာသည့်အကွက်ထဲမှdisable
ကိုရွေးပါ။ယင်းapp ကိုမိမိအလိုရှိလျှင်ဖွင့်ပြီး
အလုပ်လုပ်စေနိုင်ပါသေးသည်။သို့သော်startup လုပ်ငန်းစဉ်တွင်ယင်းapp
ပါလာတော့မည်မဟုတ်ပါ။
<Animation နှင့်Effect များကိုDisable လုပ်ခြင်း>
Hardware အားနည်းသောကွန်ပျူတာအဟောင်းတစ်လုံးအပေါ်တွင် Windows 10
ကိုသွက်သွက်လက်လက်အလုပ်လုပ်စေလိုသည်ဆိုပါက animation နှင့်effect
များကိုပိတ်ထားရပါမည်။ယင်းလုပ်ငန်းစဉ်ကိုအမြန်ဆုံး
လုပ်ဆောင်နိုင်မည့်နည်းလမ်းမှာstart button ပေါ်တွင်ညာကလစ် ထောက်ပြီး
ပေါ်လာသောအကွက်ထဲမှSystem ကိုရွေးပါ။ပြီးလျှင်ဝဲဘက်ခြမ်း ရှိAdvanced System
Setting နေရာတွင်ကလစ်နှိပ်ပါ။ယင်းနောက် အပေါ် ဘက်တွင်Performance ဟုLabel
တပ်ထားသောနေရာကိုရှာပါ။ ပြီးလျှင် Setting button
နေရာတွင်ကလစ်နှိပ်ပေးပါ။Visual effect tab သည်active
ဖြစ်နေကြောင်းသေချာပါစေ။Let Windows Choose What's best for my
Computerကိုရွေးလိုလျှင်လည်းရွေးနိုင်သည်။ယင်းကbest performance
ကိုအလိုရှိသည်လားသို့မဟုတ်best appearenceကိုအလိုရှိသည်လား
ဆိုသည်ကိုရွေးခွင့်ပေးပြီးအသင့်တော်ဆုံးဖြစ်အောင်ဆောင်ရွက်ပေးနိုင်
သည်။သို့တည်းမဟုတ်effect များကိုတစ်ခုပြီးတစ်ခုလိုက်ပိတ်နိုင်သည်။
ပမာပြရလျှင်Animate Windows When minimizing and miximizing
ဟူသောစာသားနံဘေးရှိလေးထောင့်ကွက်တွင်အမှန်ခြစ်ပျောက်အောင်
လုပ်ခြင်းမျိုးဖြစ်သည်။ထိုအခါ၌Window တစ်ခုစီနှင့်Start menu တို့သည်
ယခင်ကထက်ပို၍မြန်မြန်ဆန်ဆန်အပိတ်အဖွင့်ဖြစ်သည်ကို မြင်ရပါမည်။
<Window ကတိတ်တဆိတ်ယူထားသောDrive Space ကို ပြန်ယူခြင်း>
ကွန်ပျူတာကိုhard drive ဖြင့်သုံးခြင်းမျိုးမဟုတ်ဘဲဈေးကြီးပြီးStorage
space နည်းသောSSD ဖြင့်အသုံးပြုခြင်းဖြစ်ပါကSpace 2 GB တိုင်းသည်
တန်ဖိုးရှိလှပါသည်။Windows 10 သည်မကြာခဏupdate လုပ်နေသည် ဖြစ်ရာ
တစ်ကြိမ်update လုပ်ပြီးတိုင်းနေရာလွတ်များကိုစားပါသည်။သာမန်
အချိန်တွင်လည်းTemporary file compressed file များဖြင့်နေရာစား ပါသည်။
အဆိုးဆုံးမှာWindow ကိုတစ်ကြိမ်update လုပ်ပြီးတိုင်းWindows old folder
ကိုချန်ထားခဲ့ခြင်းဖြစ်သည်။Windows oldကို ချန်ထား ခဲ့ခြင်းမှာ
အစောပိုင်းကတင်ထားသောinstallation များကို ပြန်ယူလိုကအလွယ်တကူ
ပြန်ယူနိုင်စေရန် ဖြစ်သော်လည်းယင်းfolder မှာအနည်းဆုံး4GB မှ6GB
အထိရှိတတ်ပါသည်။ယင်းWindows old အားရှင်းပစ်နိုင်သည်။အဆိုပါ အလုပ်ကိုDisk
Clean up utility အားစေခိုင်းနိုင်သည်။ထိုအခါdrive ထဲတွင်
နေရာလွတ်အတော်များများ ပြန်ရလာပါမည်။Windows old အပါအ၀င်
အခြားမလိုချင်သည့်folder များအားအလွယ်ကူဆုံးcleanup လုပ်နိုင်ရန် Cortana
search bar ထဲတွင်Disk cleanup ဟုရိုက်ရပါမည်။ယင်းနောက် top Desktop app
result ကိုရွေးရပါမည်။Recycle bin ထဲရှိဖိုင်များ၊
ယာယီအင်တာနက်ဖိုင်များကိုဖယ်ရှားပစ်ခြင်းအားဖြင့်လည်းနေရာလွတ်များထပ်မံရရှိနိုင်သည်။Cleanup
system files ကိုရွေးပါကDisk Cleanup သည် Drive
အတွင်းဘက်ပိုမိုနက်ရှိုင်းသောနေရာအထိရှာဖွေအလုပ်လုပ်ပေးပါ မည်။Temporary
Windows file များရှင်းလင်းခြင်း၊ယခင်ကinstallation လုပ်ထားသောfile
များရှင်းလင်းခြင်းတို့ကို ပြုလုပ်ပေးပါမည်။
ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)



Dနေမင်း(နည်းပညာ)

No comments:

Post a Comment